ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နှင့် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ် ဒဲရစ် မစ်ချဲလ် ဦးဆောင်သော စင်္ကာပူ နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ် အပါအဝင် The American Chamber of Commerce in Singapore အဖွဲ့တို့ ယမန်နေ့က နေပြည်တော် သမ္မတ အိမ်တော်တွင် တွေ့ဆုံသည်။ တွေ့ဆုံရာတွင် Caterpillan Citibank , Kraft Foods , GE Energy , Ford Motor Co. , Bell Helicopter , Hewlett-Packard Corporation Arrow Technologies Pte Ltd. စသည့် နာမည်ကြီးကုမ္ပဏီများ လည်း ပါဝင်ကြောင်း၊ စွမ်းအင်၊ ပို့ဆောင်ဆက်သွယ်ရေး ၊ ထုတ်လုပ်ရေး၊ ကျန်းမာရေး နှင့် ဝန်ဆောင်မှု ဆိုင်ရာများကို ဆွေးနွေးကြ ကြောင်း အစိုးရ သတင်းစာများတွင် ယနေ့ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။