သတင်းတို

ထိုင်း ကာကွယ်ရေး ဝန်ကြီး မြန်မာနိုင်ငံ သွားရောက်

This article has been converted from Zawgyi One to Unicode

ထိုင်း ကာကွယ်ရေး ဝန်ကြီး လေတပ် ဦးစီးချုပ် Sukumpol Suwanatat သည် ယနေ့ စတင်၍ မြန်မာနိုင်ငံသို့ ၂ ရက်ကြာ ခရီးသွားရောက်ကြောင်း သိရသည်။ ၎င်းသည် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံ၍ မြန်မာဘက်က ဖမ်းဆီး အရေးယူထားသည့် ထိုင်း နိုင်ငံ သား ၉၂ ဦး နှင့် ပတ်သက်ပြီး ဆွေးနွေးရန်ရှိကြောင်း ထိုင်း သတင်းဌာန MCOT အင်တာနက် စာမျက်နှာ၌ ဖော်ပြထားသည်။ ထိုင်း ၉၂ ဦးကို ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင် ကလပ်ဘူရီမြို့နယ်နှင့် မျက်နှာချင်းဆိုင် မြန်မာနိုင်ငံ တနင်္သာရီတိုင်း ကော့ သောင်းမြို့နယ် အတွင်း ကျူးကျော်၍ စီးပွားဖြစ် ရော်ဘာပင် စိုက်ပျိုးရန် လုပ်ကိုင်နေသည်ကို တွေ့ရှိရသောကြောင့် မြန်မာ စစ်တပ် က ဇူလိုင်လ ၄ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

Loading