သတင်း

ရခိုင်ဒေသ ညမထွက်ရ အချိန်လျှော့

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှုများကြောင့် မြို့နယ်တချို့တွင် ထုတ်ပြန်ထားသော ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို အချိန်ကန့်သတ်မှု လျှော့ချလိုက်ကြောင်း သိရသည်။

အကြမ်းဖက်မှု စတင်ခဲ့သည့် မောင်တောမြို့နှင့်ဘူးသီးတောင်တွင် ည ၆ နာရီမှ နံက် ၆ နာရီသတ်မှတ်ထားရာမှ ယခု အခါ ည ၇ နာရီမှ နံက် ၅ နာရီသို့ လျှော့ချလိုက်ကြောင်း၊ မင်းပြားနှင့်မြောက်ဦး တို့တွင် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ် ထားကြောင်း၊ နေရာဒေသ အပေါ်မူတည်၍ အချိန်အနည်းငယ် ကွဲပြားကြောင်း၊ ထိုကိစ္စကို ယခုရက်ပိုင်းအတွင်း မြို့နယ် အသီး သီး၌ ကြေညာကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ဒေသတွင်း နေရာအားလုံး တည်ငြိမ်မှု ရနေပြီ ဖြစ်၍ ညမထွက်ရ ထုတ်ထားသည့် မြို့နယ်များတွင် တနာရီစီ လျှော့ချ လိုက်ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ၏ သတင်းပြန်ကြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ နှင့် ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း က ဧရာဝတီ ကို ပြောသည်။

အကြမ်းဖက်မှုများနှင့် ပတ်သက်၍ မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ သံတွဲ၊ ရမ်းဗြဲ၊ ကျောက်ဖြူ မြို့နယ်တို့၌ ညမထွက်ရ အမိန့်ကို ဇွန်လအတွင်းက ထုတ်ပြန်ထားခြင်းဖြစ်ပြီး ကျောက်တော်၊ မြောက်ဦး၊ မင်းပြား တို့တွင်လည်း ပြီးခဲ့သည့် သီးတင်း ပတ် အတွင်း ထုတ်ပြန်ခဲ့သည်။

ရခိုင်ဒေသတွင်း အကြမ်းဖက်မှုများကြောင့် အိုးမဲ့ အိမ်မဲ့ ဖြစ်သွားခဲ့သည့် မီးဘေး ဒုက္ခသည်များအတွက် ပြန်လည်နေရာ ချပေး နေကြောင်း၊ နေထိုင်စရာ အမိုးအကာများ၊ အစားအသောက်များ လုံလောက်ရန် လုပ်ဆောင်ပေးနေကြောင်း အာဏာပိုင်များ က ပြောသော်လည်း ဒုက္ခသည် တချို့ကမူ အစားအသောက် မလုံလောက်ကြောင်း ပြောဆိုသည်။

“ဒုက္ခသည်အားလုံးကို လူတယောက် ဆန်နို့ဆီ ၂ ဘူး နဲ့ တခြားလိုအပ်တာ တချို့ပေးတယ်၊ ဒါဟာ နိုင်ငံတကာ စံနှှုန်း အ တိုင်း ပေးတာပါ၊ တနေ့ ထမင်း ၃ ကြိမ်၊ ၄ ကြိမ် စားမယ်ဆိုရင်တော့ မလောက်ဘူးပေါ့ဗျာ”ဟု ဦးလှသိန်း က ဆိုသည်။

မောင်တောမြို့နယ် အတွင်းမှ မီးလောင်ကျွမ်းသွားသည့် ဒေသခံတိုင်းရင်းသား ကျေးရွာများကို ပြန်လည်တည်ဆောက်ပေး
နေကြောင်း၊ ထိုကျေးရွာများတွင် ကျပ် ၁၈ သိန်းမှ ၂၃ သိန်းတန်ဖိုးရှိ နေအိမ်များ ဆောက်လုပ်နေဆဲ ဖြစ်ကြောင်းလည်း
၎င်း က ဆက်ပြောသည်။

မောင်တောမြို့ အလိုတော်ပြည့်ကျောင်းတိုက်မှ ဆရာတော် ဦးမဏိသာရ ကလည်း မီးလောင်ကျွမ်းသွားသည့် ကျေးရွာများမှ ဒေသခံများသည် နေအိမ်များ မရှိသေး၍ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း စသည့် ဒုက္ခသည်စခန်းများတွင်ခိုလှှုံ နေရဆဲ ဖြစ် ကြောင်း၊ ရွှေရင်အေး၊ ခရေမြိုင် စသည့်ကျေးရွာများတွင် အစိုးရ ဆောက်ပေးထားသည့် အိမ်တချို့ပြီးစီးနေပြီ ဖြစ်ကြောင်း မိန့်ကြား သည်။

“မောရဝတီမှာ တဲအလုံး ၁၀၀ ထိုးတုန်း၊ နောက် ၄၀၀ လာမယ်ဆိုတာ မရောက်သေးဘူး၊ ဒီတော့ ရွက်ဖျင်တဲတောင် မဆောက် နိုင်သေးတာ ပြန်လည်ထူထောင်ရေးအတွက် အများကြီး လိုအပ်ပါသေးတယ်”ဟု ဆရာတော် က မိန့်သည်။

မောင်တော၌ အကြမ်းဖက်မှုကြောင့် ကျေးရွာ၂၀ ဝန်းကျင် မီးလောင်ကျွမ်းသွားပြီး ၎င်းအနက် ၁၀ ရွာခန့်မှာ လုံး၀ မီးလောင်ပြာ ကျ သွားကြောင်း၊ ထိုကျေးရွာ ၂၀ ဝန်းကျင်တွင် ရွာ ၂ ရွာသာ နေအိမ် တည်ဆောက်ပေးပြီး ဖြစ်ကြောင်း မောင်တော မြို့ခံ တချို့က ပြောသည်။

မောင်တောမြို့ပေါ်၌ တည်ငြိမ်မှုရှိနေကြောင်း၊ စာသင်ကျောင်း တချို့ဖွင့်လှစ်နေကြောင်း၊ သို့သော် ကလေးအများစု ကျောင်း မတက်နိုင်သေးကြောင်း၊ အလိုတော်ပြည့်ကျောင်းတိုက်တွင်လည်း ဒုက္ခသည် ၃၆၀ ကျော် ရှိကြောင်း၊ စားဝတ်နေရေး အခက် အခဲ မရှိကြောင်း ဆရာတော် ဦးမဏိသာရ က မိန့်သည်။

မောင်တောမြို့နယ်အတွင်းရှိ ဒုက္ခသည် စခန်းများမှာ အလိုတော်ပြည့် ကျောင်းတိုက် အပါအဝင် အထက်တန်းကျောင်း၊ ပရ ဟိတ၊ လေးမိုင်စခန်း၊ တပ်ရင်း(၂)၊  အလယ်သံကျော်၊ နစက နယ်မြေ(၇) တို့ ဖြစ်ကြောင်း၊ ထို စခန်းများတွင် လူဦးရေ
ရာ ဂဏန်းစီ ရှိကြောင်း သိရသည်။

စစ်တွေ မြို့နယ်အတွင်း ဒုက္ခသည် စခန်းများရှိ ဒုက္ခသည်များအတွက် အခန်း ၈ ခန်း၊ ၁၀ ခန်းစီပါသည့် တဲကြီးများဆောက်၍ နေရာချပေးနေကြောင်း၊ စစ်တွေ မြို့ပေါ်ရှိ နေပူခံ ရပ်ကွက်၊ မင်းဂံ ရပ်ကွက် တို့တွင် ပြန်လည်နေရာချပေးပြီး ဖြစ်ကြောင်း သတင်းပြန်ကြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်း က ပြောသည်။

စစ်တွေမြို့ပေါ်ရှိ ဒေါင်းတိုက်ကွင်းနှင့်ဓညဝတီ ဘောလုံးကွင်းတို့တွင်လည်း တဲအိမ်များ ဆောက်လုပ်ပေးနေကြောင်း၊ အစိုးရ နှင့် ကုသမဂ္ဂအဖွဲ့ အနေဖြင့် တဲအိမ်ပေါင်း ၇၈၇ ခု ဆောက်လုပ်ပေးရန် တာဝန်ယူထားကြောင်း၊ ၎င်း အနက် အစိုးရ က ဆောက် လုပ်ပေးရန် တာဝန်ယူထားသည့် တဲများမှာ ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

“မိသားစု ၈ စု၊ ၁၀ စု နေနိုင်မယ့် တဲအကြီး ၇၈၇ လုံးမှာ အစိုးရ က ၇၈ လုံး ဆောက်ပေးဖို့တာဝန်ယူထားတာ ကတော့ ပြီး သလောက်ရှိနေပြီ၊ ကုလသမဂ္ဂအဖွဲ့ကတော့ အပေါ်ကို တင်ပြထားတုန်းပဲလို့ ပြောပါတယ်”ဟု ဦးလှသိန်း က ပြောသည်။

ဒေသခံတိုင်းရင်းသား လူမျိုးများနှင့်ဘင်္ဂါလီမွတ်စလင်များ နှစ်ဘက်စလုံးကို ကူညီပေးနေကြောင်း၊ သို့သော် လိုအပ်ချက် တချို့ ရှိနေ သေးကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့် ကျောက်တော်၊ ဘူးသီးတောင်၊ ကျောက်ဖြူ၊ မင်းပြား စသည့်မြို့နယ်များတွင်လည်း
တည်ငြိမ်မှုရှိပြီး ကျောင်းများ၊ ဈေးများ၊ ဈေးဆိုင်အများစု မှာ ပုံမှန် ဖွင့်လှစ်နေပြီ ဖြစ်ကြောင်း ရခိုင် ဒေသခံများ က ပြောဆို သည်။

ဇူလိုင် ၃၀ ရက်က ရန်ကုန်မြို့ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ကျင်းပသော အစိုးရ သတင်းစာ ရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ် ပဋိပက္ခများအတွင်း လူ ၇၇ ဦးသေဆုံး၍ ဒုက္ခသည်ပေါင်း ခြောက်သောင်း ကျော်ရှိနေပြီး အရေးပေါ်အကူအညီနှင့် ပြန်လည် ထူထောင်ရေး အကူအညီများ လိုအပ်နေသည်ဟု နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာ့ စက်မှု ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောကြားထားသည်။

ပဋိပက္ခများကြောင့် အဆောက်အအုံ ၄၈၂၂ လုံး၊ ဗလီ ၁၇ ခု၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်း၊ စာသင်ကျောင်း ၃ ကျောင်းပျက် စီး သွားခဲ့သည်ဟုလည်း သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ချက်အရ သိရှိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading