တိဗက်များ၏ ဓာတ်ပုံများကို တလွဲအသုံးပြုပြီး မြန်မာပြည် အနောက်ပိုင်း ဒေသခံတိုင်းရင်းသား ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးများနှင့် ဘင်္ဂါလီမူဆလင်များအကြား သွေးထိုးနေခြင်းကို အိန္ဒိယအခြေစိုက် အဝေးရောက်တိဗက်အစိုးရက ကန့်ကွက်လိုက်သည်။ အစ္စလမ်ဘာသာဝင်များ ထောင်ချီ အသတ်ခံနေရကြောင်း အင်တာနက်ပေါ်တွင် ပြန့်နေသော ဓာတ်ပုံများနှင့် ရေးသားဖော်ပြမှုများတွင် မြန်မာနိုင်ငံတွင် ဖြစ်ခဲ့သော အဓိကရုန်းမဟုတ်ဘဲ တိဗက်ငလျင်တွင် ဘုန်းတော်ကြီးများက အလောင်းကောက်သော ဓာတ်ပုံများ၊ တိဗက်အရေးလှုပ်ရှားသူ ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြသော ဓာတ်ပုံများဖြင့် လိမ်ညာ လုပ်ကြံ ဝါဒဖြန့်မှုများဖြစ်၍ စိတ်ပျက်ပြီး စိုးရိမ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။