ရန်ကုန် မြေနီကုန်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရှေ့တွင် သမ္မတဦးသိန်းစိန်ကို ထောက်ခံဆန္ဒဖော်ထုတ်ခဲ့သူ ၄ ဦးအား စမ်းချောင်းရဲစခန်းက ဥပဒေပုဒ်မ (၁၈)၊ ဆန္ဒဖော်ထုတ်ခြင်းကို ကြိုတင်အကြောင်းမကြားဘဲ ပြုလုပ်မှုဖြင့် တရားစွဲဆိုခဲ့ရာ ယနေ့ တရားလိုပြသက်သေကို စတင် စစ်ဆေးတော့မည်ဖြစ်သည်။ ယင်းအမှုတွင် စမ်းချောင်းရဲစခန်းမှ ဒုရဲအုပ် ဦးဇော်ဇော်က တရားလိုပြသက်သေအဖြစ် စမ်းချောင်းမြို့နယ် တရားရုံးတွင်ထွက်ဆိုသွားမည်ဟု ရန်ကုန်အခြေစိုက် မြစ်မခ သတင်းဌာနက ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။