မြန်မာအစိုးရက အမည်ပျက်စာရင်း သွင်းခံထားရသော ထိုင်းဂျာနယ်လစ် ၁၅ ဦးကို သမ္မတ ဦးသိန်းစိန်က ပယ်ဖျက်ပြီး ပြည်ဝင်ခွင့် ပေးလိုက်ပြီဖြစ်ကြောင်း ထိုင်းကာကွယ်ရေး ဝန်ကြီး Sukumpol Suwanatat က ပြောသည်။ မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ အလည်အပတ်ရောက်ရှိနေသော ထိုင်းကာကွယ်ရေးဝန်ကြီးက သမ္မတ ဦးသိန်းစိန်ထံ တင်ပြခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၀၂ ခုနှစ်မှစ၍ မြန်မာအစိုးရကို ဝေဖန်ရေးသားမှုများကြောင့် ဖြစ်ကြောင်း သိရသည်။ ထိုင်းဂျာနယ်လစ် ၁၅ ဦးမှာ ဘန်ကောက်ပို့စ်နှင့် သည် နေးရှင်း သတင်းစာတို့မှာ အများဆုံး ဖြစ်နိုင်ကြောင်း ဘန်ကောက်စ်ပို့စ် သတင်းတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။