မြနန်းစံကျော် ရွှေနန်းတော် သမိုင်းဝင် ဥယျာဉ် ပြုလုပ်ပြသမည်
This article has been converted from Zawgyi One to Unicode
မန္တလေးမြို့ရှိ မြနန်းစံကျော် ရွှေနန်းတော်ကို သမိုင်းဝင်ဥယျာဉ်ပြုလုပ်ပြသရန် စီစဉ်နေကြောင်း သိရသည်။ သမိုင်းဝင် လက်ရာများ အဓိက သိရှိစေရန်နှင့် ပြည်တွင်း ပြည်ပ ဧည့်သည်များ လာရောက်လေ့လာရာ၌ အဆင်ပြေစေရန် ဖြစ်ကြောင်း၊ ယင်းအစီအစဉ် အတွက် အိတ်ဖွင့် တင်ဒါ ခေါ်ယူလျက်ရှိကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်းသုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့် တိုက် ဦးစီးဌာနမှ တာဝန်ရှိသူတဦးကို ကိုးကား၍ MRTV4 အင်တာနက် စာမျက်နှာ၌ ဖော်ပြထားသည်။ ရွှေဘိုမြို့ရှိ ရွှေဘုံရတနာ မင်္ဂလာ နန်းတော် ရှေးမူလက်ရာ မပျက် ပြန်လည် မွမ်းမံပြုပြင်ရန်၊ ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီ နန်းတော်၊ ရှေးဟောင်း သမိုင်းဝင် ခံ တပ် များ၊ ရခိုင်ပြည်နယ် ကျောက်တော်ရှိ မဟာမုနိ ရှေးဟောင်း သုတေသန ပြတိုက်နှင့် ပုဂံရှေးဟောင်း သုတေသန ပြတိုက် တို့ကိုလည်း အထွေထွေ မွမ်းမံပြုပြင်မှုများ ဆောင်ရွက်ရန် တင်ဒါခေါ်ယူနေကြောင်းလည်း သိရသည်။