အာဆီယံ လူသားချင်း စာနာမှု အကူအညီပေးရေး ညှိနှိုင်းမှု ဌာန(AHA-Center) ထူထောင်ရန်အတွက် ပြည်ထောင်စု လွှတ်တော် တွင် ယမန်နေ့က အတည်ပြုလိုက်ကြောင်း သိရသည်။ ယင်းအစီအစဉ်အတွက် အဖွဲ့ဝင်နိုင်ငံများက ရန်ပုံငွေ ထည့်ဝင်ရန်နှင့် ပတ် သက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးဘုန်းဆွေက ရှင်းလင်း တင်ပြ ရာ လွှတ်တော်က သဘောတူ၍ အတည်ပြုကြောင်း ဆုံးဖြတ်ခြင်း ဖြစ်သည်ဟု ယနေ့ထုတ် အစိုးရသတင်းစာများတွင် ပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။