မြန်မာ အာဏာပိုင်များက မူးယစ်ဆေးဝါးနှင့် လက်နက်မှုများဖြင့် တရားစွဲဆိုထားသော ထိုင်းနိုင်ငံသား ၁၀ ဦး၏ အမှု ဆုံးဖြတ်ချက် ချရန် ရုံးချိန်းကို ရက်သတ္တ နှစ်ပတ် ရွှေ့လိုက်ကြောင်း သိရသည်။ ၈ ဦးမှာ လက်နက်မှုဖြင့် တရားရင်ဆိုင်နေရခြင်းဖြစ်ပြီး ကျန်၂ ဦး မှာ မူးယစ်ဆေးဝါးမှုဖြင့် အရေးယူခံရဖွယ် ရှိကြောင်း The Nation သတင်း၌ ဖော်ပြထားသည်။ ယင်း ၁၀ ဦးသည် ဇူလိုင်လ ၄ ရက် နေ့တွင် မြန်မာ စစ်တပ်က ဖမ်းဆီးခဲ့သော ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင် ကလပ်ဘူရီမြို့နယ်နှင့် မျက်နှာချင်းဆိုင် မြန်မာနိုင်ငံ ကော့သောင်း မြို့နယ် အတွင်း ကျူးကျော်၍ စီးပွားဖြစ် ရော်ဘာပင် စိုက်ပျိုးရန် လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသား ၉၂ ဦးတွင် ပါဝင် သူများ ဖြစ်သည်။ ထို ၉၂ ဦးလုံးကို လဝက ဥပဒေ၊ သစ်တော ဥပဒေများဖြင့် ထောင်ဒဏ် ၃ နှစ်ခွဲ ချမှတ်ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။