မြန်မာနိုင်ငံတွင် ပြုလုပ်မည့် စတော့ရှယ်ယာ ဈေးကွက်ဆိုင်ရာ ဥပဒေ ရေးဆွဲရေးနှင့် ပတ်သက်ပြီး ဂျပန်နိုင်ငံက အကူအညီ ပေး မည် ဖြစ်ကြောင်း သိရသည်။ ယင်း အစီအစဉ်အတွက် မြန်မာနိုင်ငံ ဗဟိုဘဏ်နှင့် နားလည်မှု စာချွန်လွှာ ရေးထိုးပြီးကြောင်း ဂျပန် ဘဏ္ဍာရေး ဝန်ကြီးက ယမန်နေ့က ပြောဆိုသည်ဟု ဂျပန် Yomiuri သတင်းတွင် ဖော်ပြသည်။ မြန်မာနိုင်ငံ စတော့ရှယ်ယာ ဈေးကွက် ပေါ်ပေါက်ရေးအတွက် အဓိက ဆောင်ရွက်နေသော ဂျပန်နိုင်ငံမှ ကွန်ပျူတာ အင်တာ နက် လုံခြုံရေးဆိုင်ရာ ကုမ္ပဏီဖြစ် သည့် Daiwa Securities Group က မြန်မာနိုင်ငံတွင် အမေရိကန် ဒေါ်လာ သန်း ၃၈၀ ခန့် တန် ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် စီစဉ်နေကြောင်း ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက Reuters သတင်းတပုဒ် တွင်လည်း ဖော်ပြ ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။