ထိုင်း-အမေရိကန် ပူးတွဲ စစ်ရေးလေ့ကျင့်မှု(Cobra Gold) အစီအစဉ်တွင် မြန်မာနိုင်ငံက ပါဝင်လိုကြောင်း သိရသည်။ ယင်း အစီ အစဉ်၌ မြန်မာ ပါဝင်နိုင်ရန် ထိုင်းနိုင်ငံ၏ အကူအညီ ရယူလိုကြောင်း၊ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေး ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး လှမင်း တို့နှင့်တွေ့ဆုံစဉ် ၎င်းအား ထိုသို့ပြောဆိုခြင်းဖြစ်ကြောင်း ထိုင်း ကာကွယ်ရေးဝန်ကြီး Sukumpol Suwanatat က ယမန်နေ့တွင် ပြောသည်ဟု ဘန်ကောက်ပို့စ် သတင်း၌ ရေးထား သည်။ Cobra Gold စစ်ရေးလေ့ကျင့်မှုသည် နှစ်စဉ်ပြုလုပ်သည့် အစီအစဉ်ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။