ရခိုင်ပြည်နယ် ပဋိပက္ခများနှင့်ပတ်သက်ပြီး စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို အစိုးရက ဖွဲ့စည်း လိုက်သည်။ ယင်းကော်ရှင်ကို သတင်းစာ ဆရာ မောင်ဝံသ၊ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ဟာသ အနုပညာရှင် ဇာဂနာ၊ ၈၈ မျိုးဆက် ကျောင်း သား ခေါင်းဆောင် ဦးကိုကိုကြီး ၊ ရခိုင် RNDP ပါတီ မှ ဒေါက်တာ အေးမောင်၊ ဒေါက်တာ ကျော်ရင်လှိုင်(Myanmar Egress)၊ ဗဟု ဖွံ့ဖြိုးရေးအဖွဲ့မှ ဦးအောင်နိုင်ဦး တို့အပါအဝင် ခရစ်ယာန်၊ အစ္စလမ် ဘာသာရေး ခေါင်းဆောင် များ၊ နိုင်ငံရေး ပါတီ ခေါင်းဆောင် များ၊ ပညာရှင်များ စသည့် ၂၇ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ထိုဖွဲ့စည်းပုံ ကြေညာချက်ကို သမ္မတ ဦးသိန်းစိန် က လက်မှတ်ထိုး၍ သြ ဂုတ်လ ၁၇ ရက်စွဲဖြင့် သမ္မတ ရုံး ဝက်ဘ်ဆိုက် ၌ ဖော်ပြထားသည်။ ကော်မရှင်၏ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို သမ္မတ ထံ သို့ စက်တင်ဘာ ၁၇ ရက်အရောက် တိုက်ရိုက်တင်ပြ အစီရင်ခံရမည်ဟုလည်း ပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။