ထိုင်း ခရီးသွား ၉၀၀၀၀ ခန့် မြန်မာနိုင်ငံသို့ ယခုနှစ်အတွင်း သွားရောက် လည်ပတ်ဖွယ်ရှိကြောင်း ထိုင်း သုတေသန ဌာန Kasikorn Research Centre က ခန့်မှန်းလိုက်သည်။ ယင်း အရေအတွက်သည် ယမန်နှစ်ကထက် ၃၀ ရာခိုင်နှုန်းပိုမိုပြီး ဝင်ငွေဘတ် ၁.၁ ဘီလီယံ ဝန်းကျင် ရရှိနိုင်ကြောင်း ၊ ၁၈ ရာခိုင်နှုန်းမှာ နိုင်ငံခြားသား ခရီးသွား ၅ သိန်းခန့် ဖြစ်နိုင်ပြီး ဝင်ငွေ ၁၂ ဘီလီယံ ဘတ် မျှော်လင့်ရကြောင်း ယင်းသုတေသနဌာန၏ ခန့်မှန်းချက်ကို ဘန်ကောက်ပို့စ် သတင်းက ဖော်ပြသည်။ မြန်မာနိုင်ငံသို့ အများဆုံးလာရောက်သူများမှာ တရုတ်၊ ထိုင်း ၊ မလေးရှား ၊ တောင်ကိုရီးယား နှင့် ဂျပန် နိုင်ငံများမှ ဖြစ်ကြောင်း၊ ယမန်နှစ်က မြန်မာနိုင်ငံ သို့ ခရီးသွား ၃၉၁ ၁၇၆ ဦးလာရောက်ခဲ့ပြီး ၂၀၁၀ က ထက် ၂၅ ရာခိုင်နှုန်းပိုများကြောင်း၊ ၂၀၁၀ တွင် ၃၁၁ ၀၀၀ ဦး လာရောက် ကြောင်းလည်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။