ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေး ကော်မရှင်၏ ပထမဆုံးအကြိမ် အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့တွင် ကျင်း ပသည်။ အစည်းအဝေးတွင် ဆပ်ကော်မတီများဖွဲ့၍ ဆောင်ရွက်ရန်နှင့် ၃ လအတွင်း ဖြစ်ရပ်မှန်များ ပေါ်ပေါက်ရေးအတွက် ကြိုး ပမ်းသွားမည် ဖြစ်ကြောင်း သိရသည်။ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို သမ္မတ ထံသို့ စက်တင်ဘာ ၁၇ ရက် အရောက် တင်ပြရ မည်ဖြစ်သည်။ ၂၇ ဦး ပါဝင်သည့် ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းခြင်းကို သြဂုတ် ၁၇ ရက်စွဲဖြင့် သမ္မတ ဦးသိန်းစိန် က လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။