အာရပ်ပြည်ထောင်စု UAE နိုင်ငံ အခြေစိုက် Dnata Co., Ltd. ကုမ္ပဏီနှင့် ပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့လေကြောင်းတို့ မြေပြင် ဝန်ဆောင်မှု လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ ယင်း ဝန်ဆောင်မှု လုပ်ငန်းများအတွက် သြဂုတ်လ ၁၇ ရက်နေ့က ရန်ကုန်မြို့ရှိ Chatrium Hotel တွင် နှစ်ဘက် တာဝန်ရှိသူများ နားလည်မှု စာချွန်လွှာ(MoU)လက်မှတ် ရေးထိုး သည်။ မြေပြင် ဝန်ဆောင်မှု လုပ်ငန်းအမျိုးအစား ၁၄ မျိုး ပါဝင်ကြောင်း၊ လေယာဉ် ဆိုက်ရောက်ချိန် လေယာဉ် သန့်ရှင်းရေး၊ ခရီးသည် ခရီးဆောင် အိတ်၊ ကုန်စည် အတင်/အချ၊ လေယာဉ် ပြန်လည် မထွက်ခွာမီ စက်မှု လက်မှု ပိုင်းဆိုင်ရာ စစ်ဆေး ထိန်း သိမ်း မှုများ၊ လေယာဉ် ပျံသန်းနိုင်ရန် စီမံမှု၊ လေယာဉ်တင် အစားအသောက်၊ လေယာဉ် ရပ်နားစဉ် လုံခြုံရေး၊ ဆက်သွယ်ရေး များကို နိုင်ငံ တကာ အဆင့်မီ ဆောင်ရွက်ရန် စသည်တို့ကို သဘောတူကြခြင်း ဖြစ်ကြောင်း ယေန့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထား သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။