• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အစ်ပွဲတော်အတွင်း ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများ လုံခြုံရေး တင်းကျပ်

by ငြိမ်းချမ်း
20 August 2012
in သတင်း
A A
အစ်ပွဲတော်အတွင်း ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများ လုံခြုံရေး တင်းကျပ်

လဒါပါရာရှိ တရားမဝင်ဒုက္ခသည် စခန်းတခု မြင်ကွင်း (ဓာတ်ပုံ - ငြိမ်းချမ်း/ ဧရာဝတီ)

4.1k
VIEWS
Share on FacebookShare on Twitter

မွတ်စလင် ဘာသာဝင်များ၏ ရာမဇန်ဥပုသ်လ အပြီး အစ်ပွဲတော်နေ့တွင် ရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင် ဒုက္ခသည်များ အကြား ပြဿနာများ မဖြစ်ပွားစေရန် ဘင်္ဂလားဒေ့ရှ်ရှိ မွတ်စလင် ဒုက္ခသည်များကို စခန်းပြင်ပ ထွက်ခွင့်မပြုကြောင်း သိရ သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘာဇာမြို့၏ တောင်ဘက် ၄၀ ကီလိုမီတာခန့်တွင် တည်ရှိသည် နော်ယာပါရာ စခန်းရှိ ဒုက္ခသည်များကို သက်ဆိုင်ရာ လုံခြုံရေးများက အပြင်ထွက်ခွင့်မပေး သောကြောင့် စခန်းထဲတွင်သာ နေနေကြရကြောင်း ဒုက္ခသည် တဦးဖြစ်သည့် ရှာအာလန်က ပြောသည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
11
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
46
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
241

“ကျနော်တို့ စခန်းက ဒုက္ခသည်တွေကို အပြင်ထွက်ခွင့် မပေးဘူး။ စခန်းထဲက လမ်းတွေမှာ လုံခြုံရေးတွေနဲ့ ရဲတွေက အချိန့်ပြည့် ကင်းလှည့်နေကြတယ်။ ကျွန်တော်တို့ စခန်းအပြင်ကို ထွက်လို့မရဘူး ဖြစ်နေတယ်” ဟု ရှာအာလန်က
ဆိုသည်။

မွတ်စလင် ဘာသာဝင်တို့၏ ဥပုသ်လအပြီး အစ်ပွဲတော်နေ့တွင် မုန့်ပဲသွားရေစာများ ပြုလုပ်ကျွေးမွေးခြင်း၊ ဆွေမျိုးများ နေအိမ်သို့ အလည်အပတ် သွားလာခြင်းတို့ ပြုလုပ်လေ့ ရှိကြသော်လည်း ယခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒုက္ခသည် စခန်းများ၌ လုံခြုံရေး တင်းကျပ်ထားမှုကြောင့် စခန်းပြင်သို့ မုန့်ထွက်ဝယ်ရန်ပင် ပြုလုပ်ခွင့် မရကြောင်း သိရသည်။

“ကျနော်တို့ အစ်အတွက် မုန့်ထွက်ဝယ်လို့တောင်မရဘူး။ စခန်းထဲကနေ အပြင်ထွက်ပြီး အလုပ်လုပ် နေကြတဲ့ လူတွေလည်း စခန်းထဲ ပြန်ဝင်လို့ မရကြဘူး ဖြစ်နေတဲ့အတွက် တော်တော်လေး အခက်အခဲ ရှိကြတယ်။ နောက်ပြီး လုံခြုံရေးတွေ မသိအောင် ခိုးထွက်ပြီး ဈေးဝယ်ကြတဲ့ လူတွေကိုလည်း အနီးအနားက ရွာတွေက လူတွေနဲ့ တွေ့ရင် ပါလာတဲ့
ငွေကိုလု၊ လူကိုရိုက်နှက်ပြီး စခန်းတာဝန်ခံတွေ အပ်တဲ့ ပြဿနာမျိုးတွေ ရှိနေတဲ့ အတွက် တော်တော်လေး အခက်အခဲ ရှိနေပါတယ်” ဟု ရှာအာလန်က ရှင်းပြသည်။

နီးစပ်သည့် ဈေးများသို့ သွားလာလေ့၊ ဈေးဝယ်လေ့ ရှိကြသည့် ဒုက္ခသည်များကို ယခုရက်ပိုင်း မတွေ့ရကြောင်း နော်ယာပါရာ စခန်း အနီးတွင် နေထိုင်သော ဘင်္ဂလားဒေ့ရှ် ဒေသခံများထံမှ သိရသည်။

မွတ်စလင် ဘာသာဝင်များ၏ ဥပုသ်ကာလ အပြီးတွင် ကျင်းပသည့် အစ်ပွဲတော်ကာလတွင် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ များကြောင့် ဘင်္ဂလားဒေ့ရှ် – မြန်မာ နယ်စပ်တွင် ရောက်ရှိနေသည့် ဒုက္ခသည်များအကြား အကြမ်းဖက်မည့် သတင်းများ
ကြားထားသည့်အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရက လုံခြုံရေး တင်းကျပ်ထားခြင်းဖြစ်ကြောင်း၊ နယ်စပ် ကျေးရွာ များတွင်လည်း လုံခြုံရေး တင်းကျပ်ထားရန် သက်ဆိုင်ရာ တာဝန်ရှိသူများကို ပြောဆိုထားကြောင်း ဘင်္ဂလားဒေ့ရှ် ဒေသခံ တဦးက
ပြောသည်။

“ကျနော်တို့ရွာက ရဲစခန်းကို အကြောင်းကြား ထားပါတယ်။ ဒီ မွတ်စလင် ဥပုသ်လ ပြီးရင် သူတို့ မွတ်စလင် ဒုက္ခသည်တွေက ဒီနယ်မှာ ရှိနေတဲ့ ရခိုင်ရွာတွေကို ပြဿနာ ရှာမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတယ်။ အစိုးရ ကိုယ်တိုင်ကလည်း ကျနော်တို့ ရွာနဲ့ နီးတဲ့ ဒုက္ခသည်စခန်းကို လုံခြုံရေး ပိုတင်းကျပ်ထားတယ် ဆိုတော့ ကျနော်တို့တတွေ ပိုပြီး စိုးရိမ် နေကြရတယ်” ၎င်းက ဆိုသည်။

ဘင်္ဂလားဒေ့ရှ် – မြန်မာနယ်စပ် ကော့စ်ဘာဇာ ခရိုင်အတွင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ကူညီပေးနေသော တက္ကနာမြို့နယ်ရှိ နော်ယာပါရာဒုက္ခသည် စခန်းနှင့် ဦကီယာမြို့နယ်ရှိ ကူတူပါလန် ဒုက္ခသည်စခန်းတို့တွင် ဒုက္ခသည် ၃၀၀၀၀ ကျော်ရှိကြောင်း၊ ဘင်္ဂလာဒေ့ရှ် နိုင်ငံအတွင်း မြန်မာနိုင်ငံမှ ထွက်ပြေးလာပြီး တရားမဝင် နေထိုင်နေသည့် မွတ်စလင် ဦးရေ ၇ သိန်း ကျော်ရှိပြီး ရခိုင်တိုင်းရင်းသား ၁ သောင်းခန့်သာ ရှိကြောင်း ဘင်္ဂလာဒေ့ရှ် အစိုးရ၏ ထုတ်ပြန်ချက်များ အရ သိရသည်။

Your Thoughts …
ငြိမ်းချမ်း

ငြိမ်းချမ်း

Contributor

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.1k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
စစ်တပ် ခေါင်းမာ၍ ကချင် ငြိမ်းချမ်းရေး မရ

စစ်တပ် ခေါင်းမာ၍ ကချင် ငြိမ်းချမ်းရေး မရ

ကချင် BGF ပိုင်မြေတွင် လူ ၂၀၀၀ ကျော် ကျူးကျော် နေဟုဆို

ကချင် BGF ပိုင်မြေတွင် လူ ၂၀၀၀ ကျော် ကျူးကျော် နေဟုဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.6k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate