• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်တပ် ခေါင်းမာ၍ ကချင် ငြိမ်းချမ်းရေး မရ

by ကျော်ခ
20 August 2012
in သတင်း
A A
စစ်တပ် ခေါင်းမာ၍ ကချင် ငြိမ်းချမ်းရေး မရ

ပြီးခဲ့သည့် မတ်လ ၈ ရက်က တရုတ် နိုင်ငံ ရွှေလီမြို့၌ အစိုးရနှင့် KIO ခေါင်းဆောင်များ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေ စဉ်(ဓာတ်ပုံ - ဧရာဝတီ)

7.6k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(KIO) နှင့် အစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးရန် အခက်အခဲဖြစ်နေရခြင်းမှာ အစိုးရ စစ်တပ် ဘက် မှ ခေါင်းမာနေသည့်အတွက် ဖြစ်ကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။

ငြိမ်းချမ်းရေး စကားဝိုင်းများ နှင့် နီးစပ်သည့် သတင်းရပ်ကွက်များ၏ အဆိုအရKIO နှင့် အစိုးရ တပ်များအကြား တနှစ်ကျော်အကြာ ဖြစ်ပွားနေသော တိုက်ပွဲများကို အဆုံးသတ်နိုင်ရေး KIO ဘက်က လိုလားမှုရှိသကဲ့သို့ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေးအဖွဲ့က ကြိုးပမ်းနေသော်လည်း အစိုးတပ်များက တိုက်ပွဲများ လျှော့ချရေးနှင့် တပ်နေရာများ ဆုတ်ခွာပေးရေးကို လက် မခံဘဲ ခေါင်းမာနေသဖြင့် စေ့စပ်ညှိနှိုင်းရန် မလွယ်ကူဘဲဖြစ်နေရကြောင်း သိရသည်။

RelatedPosts

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
134
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
2.5k
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
492

အစိုးရငြိမ်းချမ်းရေးအဖွဲ့ အနေဖြင့် KIO နှင့် ငြိမ်းချမ်းရေး လုပ်ဆောင်နိုင်ရန်အတွက် အစိုးရတပ်ဘက်မှ သဘောတူ လိုက်ပါဆောင် ရွက်နိုင်ရေး အချိန်ယူရဦးမည်ဖြစ်ပြီး ယင်းကာလကိုလည်း ပြောဆိုနိုင်ခြင်းမရှိသေးကြောင်း ကချင်ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးဝိုင်းများနှင့်  နီးစပ်သည့် သတင်းရပ်ကွက်များက ဆိုသည်။

ယခင်လပိုင်းက ကချင်ပြည်လွတ်လပ်ရေး တပ်မတော်(KIA) ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်နှင့် အစိုးရ ဒု တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း ဦးဆောင်သော နှစ်ဘက် ကိုယ်စားလှယ်များသည် စစ်ရေးကိစ္စများ ပြေလည်ရေး အတွက် တွေ့ဆုံ ဆွေးနွေးကြရန် အစီအစဉ်ရှိသော်လည်း ဆုံရပ်ရွေးချယ်မှု နှစ်ဘက် သဘောမတူဟု ဆိုကာ အလှမ်းဝေးခဲ့ရပြန်သည်။

အစိုးရဘက်ကလည်း အဆင့်မြင့်အရာရှိများ ပါမည်ဖြစ်သောကြောင့် အစိုးရထိန်းချုပ်ရာ နယ်မြေအတွင်း၌ တွေ့ဆုံကြရန် လိုလား နေပြီး နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေကာ နယ်မြေတွင်း မတည်ငြိမ်မှုများကြောင့် KIO က တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့တွင် တွေ့ဆုံကြရန် အဆိုပြုထားခြင်းကို ညှိနှိုင်းမရဘဲ ဖြစ်နေကြသည်။

KIO က တွေ့ဆုံဆွေးနွေးရေး အခြေအနေကို မကြာခဏမေးမြန်းလာကြောင်း၊ သို့သော် အစိုးရဘက်မှ အခြေအနေတုံ့ပြန် နိုင်ခြင်း မရှိသေးကြောင်း ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ PCG ၏ အကျိုးတော်ဆောင်တဦး ဖြစ်သူ ဦးဆန်းအောင် က ဧရာဝတီသို့ ပြောပြသည်။

“KIO ဘက်ကတော့ ဘယ်လိုလဲ၊ ဘယ်တော့လဲ၊ ဒုသမ္မတ လာမယ်ဆိုတာရော လာမှာလား၊ အစိုးရဘက်က သဘောထား ကရော ဘယ်လိုလဲ၊ ဘာပြောလဲဆိုတာ မေးမေး နေတယ်၊ အစိုးရဘက်ကတော့ မနေ့ကမေးကြည့်တော့ ဘာမှမသိသေးဘူးလို့ ပြောနေ တယ်။ ဝန်ကြီးဌာန အပြောင်းအလဲ လုပ်ပြီးမှပဲ ဖြစ်မယ်ထင်တယ်လို့ ပြောတာပဲ”ဟု ဦးဆန်းအောင် က ဆိုသည်။

အစိုးရငြိမ်းချမ်းရေးအဖွဲ့၊ သမ္မတ ရုံး အဖွဲ့တို့ကို KIO နှင့် ငြိမ်းချမ်းရေးဆွေးနွေးနိုင်မည့် အခြေအနေများ ဆက်သွယ်မေးမြန်းရာတွင် တိကျသော အဖြေကို မရရှိကြောင်း၊ သို့သော် ယခုရက်ပိုင်း အတွင်း မန္တလေးမှ မြစ်ကြီးနားသို့ လာသော ရထားဖြင့် နေ့စဉ် အစိုးရ တပ်များ လိုက်ပါလာနေသည်ကို တွေ့မြင်ရကြောင်း ထို့ကြောင့် နှစ်ဘက် စေ့စပ်ဆွေးနွေးရေး အခြေအနေကို မှန်းဆရခက်ကြောင်း သူက ဆက်ပြောသည်။

ယခုရက်ပိုင်းအတွင်း KIO တပ်မဟာများဖြစ်သော ၁၊ ၂၊ ၃ နှင့် ၅ တို့အနီး ခြေကုတ်ယူထားသည့် အစိုးရ တပ်စခန်းများတွင် အစိုးရ တပ်များက တပ်အင်အား၊ လက်နက်ခဲယမ်းနှင့် ရိက္ခာများကို ရေကြောင်း၊ ကုန်းကြောင်းများမှတဆင့် ဖြည့်တင်းမှုများ ပြုလုပ်နေ သည်ကို စစ်မြေပြင် သတင်းပို့ချက်များရောက်ရှိနေကြောင်း KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန် က ပြောသည်။

“သူတို့က လူတွေထင်သာမြင်သာ ရှိအောင် အလုံးအရင်းနဲ့ တက်လာတာတော့ မရှိဘူး၊ တခါတက်လာရင် ၁၀၀၊ ၂၀၀ လောက် ပဲ၊ အထူးသဖြင့် ဗန်းမော် ရေလမ်းကြောင်းနဲ့ မြစ်ကြီးနား ရထားလမ်းကြောင်းပေါ့၊ သူတို့ တပ်တွေတိုးလာတာတွေပဲ ရှိတယ်၊ လျော့ သွားတာမရှိဘူး၊ ဒီမှာကလည်း တိုက်ပွဲတွေကနေ့စဉ် ရက်ဆက် နေရာတိုင်းမှာလိုဖြစ်နေတယ်”ဟု ဦးလနန် က ဧရာဝတီသို့ ပြော သည်။

ယနေ့ နံနက် ၇ နာရီခန့်က KIO တပ်မဟာ (၁) နယ်မြေရှိ ရှေ့တန်း တပ်စခန်းတခုအား အစိုးရ ခြေလျင် တပ်ရင်း(ခလရ) ၇၇ နှင့် ၄၇ တို့က စခန်းသိမ်းရန် ထိုးစစ်ဆင်ရာတွင် တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ကြောင်း၊ ထိုစခန်းကို လက်လွှတ်လိုက်ရခြင်းမရှိသော် လည်း တိုက်ပွဲကြောင့် ၎င်းတို့ဘက်မှ ၂ ဦးဒဏ်ရာရရှိပြီး အစိုးရတပ်မှ ၂ ဦးသေဆုံးကာ ၁၀ ဦးကျော် ဒဏ်ရာရရှိသွားကြောင်း သေ ဆုံးသူ ရုပ်အလောင်းများကို ကောင်းမွန်စွာ သင်္ဂြိုဟ် ပေးခဲ့ကြောင်း စစ်မြေပြင်သတင်းများကို ကိုးကား၍ ဦးလနန်က ပြောသည်။

အစိုးရနှင့် KIO ကြား ငြိမ်းချမ်းရေးဆွေးနွေးရန် ၂၀၁၁ နိုဝင်ဘာ၊ ၂၀၁၂ ဇန်နဝါရီ နှင့် မတ်လတို့တွင် ရွှေလီမြို့၌ တွေ့ဆုံခဲ့ကြ သော် လည်း ရေရာသည့် သဘောတူညီချက် တစုံတရာမရရှိသေးဘဲ ရှိနေသည်။ ထိုတွေ့ဆုံပွဲများတွင်လည်း ဒေသတွင်း တိုက် ခိုက် ရေး ဘက်မှ အရေးပါသော မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးမှာ ကိုယ်တိုင်တက်ရောက်ခြင်းမရှိကြောင်း KIO က ပြောသည်။

KIO နှင့် အစိုးရတပ်များအကြား ၂၀၁၁ ခုနှစ် ဇွန်လပိုင်းမှစတင်ကာ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ တနှစ်ကျော်ကြာအထိ ဖြစ် ပွားလျက်ရှိရာ ဒေသခံ ၅ သောင်းကျော် အိုးအိမ်တောင်ယာများကို စွန့်ခွာ၍ တရုတ်-မြန်မာနယ်စပ် ဒုက္ခသည် စခန်းများတွင် ခိုလှုံနေကြသည်။

ထို့အတူ မိုးညှင်းခရိုင်တွင်လည်း ကူညီရေးစခန်းများ၊ မြို့ပေါ်များ၊ နယ်စပ်ဒေသများနှင့် အလှမ်းဝေးသည့် တောတောင်များအတွင်း ပုန်းအောင်းနေရသော ဒုက္ခသည် ၂၀၀၀ ခန့်ရှိကြောင်း၊ ဗန်းမော်နှင့် ရွှေလီ မြစ်အကြားရှိ တောင်ကြောများတွင်လည်း ယင်းသို့ ဒုက္ခသည် ၁၅၀၀ ကျော် ခိုလှုံနေရကြောင်း ကချင်ဒုက္ခသည် စခန်းများ ကော်မတီက ပြောဆိုထားသည်။

ယခုနှစ်ဆန်းပိုင်းက KIO အား တိုက်ခိုက်နေမှုများ ရပ်တန့်ရန် ကာကွယ်ရေး ဝန်ကြီးဌာနကို သမ္မတ ဦးသိန်းစိန်က ညွှန်ကြား ခဲ့သော်လည်း ထိုးစစ်ဆင် တိုက်ခိုက်နေဆဲ ဖြစ်သည်။

Your Thoughts …
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ကချင် BGF ပိုင်မြေတွင် လူ ၂၀၀၀ ကျော် ကျူးကျော် နေဟုဆို

ကချင် BGF ပိုင်မြေတွင် လူ ၂၀၀၀ ကျော် ကျူးကျော် နေဟုဆို

သံသယဖြင့် ဖမ်းဆီးခံရသည့် ကချင်ကျောင်းသား ၅ ဦး ပြန်လွတ်

သံသယဖြင့် ဖမ်းဆီးခံရသည့် ကချင်ကျောင်းသား ၅ ဦး ပြန်လွတ်

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.3k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်နှင့် အနောက်တိုင်း အားထုတ်မှု ခြားနားချက်

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate