သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဌ နှင့် လွှတ် တော် ကိုယ်စားလှယ်များ အနေဖြင့် စွပ်စွဲ ပြစ်တင်သည့် နည်းလမ်းအစား၂၀၀၈ အခြေခံ ဥပဒေ အခန်း ၁၂ ပါ တရားဝင် အခွင့် အရေး ကို အသုံးပြုမည်ဆိုပါက သင့်လျော် ကောင်းမွန်မည်ဟု ယူဆကြောင်း ပြောဆိုလိုက်သည်။ အခန်း ၁၂ သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်သည့် အခန်းဖြစ်သည်။ ပြည်သူ့လွှတ်တော် ဥက္ကဌ က သြဂုတ် ၁၄ ရက်က ပေးပို့သည့် သဝဏ်လွှာနှင့် ပတ်သက်ပြီး သမ္မတ က သြဂုတ် ၂၀ ရက်တွင် ပြန်လည် ပေးပို့သည့် သဝဏ်လွှာ၌ ထို့ပြောဆိုထားခြင်း ဖြစ်သည်။ လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသော ကော်မတီ၊ ကော်မရှင်များနှင့် အဖွဲ့များကို ပြည်ထောင်စု အဆင့် မသတ်မှတ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ၏ ဆုံးဖြတ်ကို မကျေနပ်၍ ထိုသို့ သမ္မတ ထံ သဝဏ်လွှာပေးပို့ခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။