ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကို မလိုက်နာသည့် ဒေ သခံ ရခိုင်တိုင်းရင်းသား ၆၀ ကျော်အား စစ်တွေခရိုင် တရားရုံးက ထောင်ဒဏ် ၆ လစီ ချမှတ်လိုက် ကြောင်း သိရသည်။ ထောင် ဒဏ် အပြစ်ပေးခံရသူများသည် သာမန်အရပ်သားများသာ ဖြစ်ကြောင်း၊ ညမထွက်ရ အမိန့်ထုတ်ပြန် ထားသော်လည်း အကြောင်း အမျိုးမျိုးကြောင့် အပြင်ထွက်စဉ် ဖမ်းဆီးခံရကြောင်း ဒေသခံများက ပြောသည်။ ညမထွက်ရ အမိန့်ကို ဇွန်လ အတွင်းက စတင် ထုတ်ပြန်ထားပြီး ည ၇ နာရီ မှ နံက် ၅ နာရီ သတ်မှတ်ထားကြောင်း၊ ၎င်းတို့အား ဥပဒေအတိုင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြည်နယ် အာဏာပိုင်အဖွဲ့ က ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။