မြန်မာနိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အားကောင်းလာပြီး ၂၀၃၀ ပြည့်နှစ်ခန့်တွင် ဝင်ငွေ အလယ်အလတ်တန်းစား ရှိမည့် နိုင်ငံဖြစ်လာနိုင်ကြောင်း အာရှ ဖွံ့ဖြိုးရေး ဘဏ် (ADB) က ပြောဆိုလိုက်သည်။ ပြည်တွင်း အသားတင်ထုတ်ကုန် စုစုပေါင်း တန်ဖိုး (GDP)သည်လည်း လာမည့် ၁၈ နှစ် အတွင်း နှစ်စဉ် ၇ ရာခိုင်နှုန်း၊ ၈ ရာခိုင်နှုန်း ရှိလာမည်ဖြစ်ကြောင်း၊ လူ တဦးချင်း ဝင်ငွေသည် လည်း ၃ ဆ ခန့်ရှိလာမည်ဟု မျှော်လင့်ရကြောင်း ADB ၏ ပြောဆိုချက်ကို AFP သတင်းတပုဒ်တွင် ဖော်ပြထားသည်။ ထိုသို့ ဖြစ် လာရန် အတွက် မြန်မာ အစိုးရအနေနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အစဉ်တစိုက် ဆောင်ရွက်သွားရန် လိုအပ်သည် ဟု ADB ဒု ဥက္ကဌ Stephen Groff က တိုက်တွန်းထားကြောင်းလည်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။