သမ္မတ ဦးသိန်းစိန်သည် အမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီအဖွဲ့ဝင်များနှင့် ယမန်နေ့က နေပြည်တော် ၌ တွေ့ဆုံ သည်။ ထိုသို့တွေ့ဆုံရာတွင် တောင်သူ လယ် သမားများ၏ လူမှု စီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လယ်ယာကဏ္ဍ ပြုပြင် ပြောင်းလဲရန်များ၊ ဝန်ကြီးဌာနများ၏ ဝန်ထမ်းရေးရာ ဆိုင်ရာများကို ဆွေးနွေးကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြ သည်။ ယင်းကောင်စီ မှ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) ခေါင်းဆောင် ဟောင်း ဒေါက်တာ ဇော်ဦး၊ မကြာသေးခင်က ဖွဲ့စည်းလိုက်သော ရခိုင်ဒေသ ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ အတွင်းရေး မှူး ဒေါက်တာ ကျော်ရင်လှိုင်၊ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ စသည့် အဖွဲ့ဝင် ၁၀ ဦးကျော် နှင့် တွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။