ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ် မစ်ချဲလ် နှင့် ယမန်နေ့က နေပြည်တော် ဇေယျာသီရိ ဗိမာန်၌ တွေ့ဆုံသည်။ တွေ့ဆုံရာတွင် အမေရိကန် စစ်သံမှူး Col. Williom Dickay လည်း ပါဝင်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး ဆိုင်ရာများ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ မြန်မာနှင့် နိုင်ငံတကာ ဆက်ဆံရေး၊ မြန်မာ့ တပ်မတော်၏ အခန်းကဏ္ဍ၊ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရန် စသည် တို့ကို ဆွေးနွေးကြောင်း အစိုးရ သတင်းစာများက ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။