ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ပြဿနာတရပ်အဖြစ် ပုံဖော်ရန် ကြိုးပမ်း လုပ်ဆောင်မှုများကို မြန်မာနိုင်ငံအနေဖြင့် လက်ခံမည်မဟုတ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။ သြဂုတ် ၂၁ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ယင်းပြဿနာသည် ဘာသာနှစ်ခုအကြား ပဋိပက္ခ မဟုတ်ကြောင်းနှင့် လူသားချင်းစာနာထောက် ထားမှု ဆိုင်ရာ ပြဿနာ မဟုတ်ဘဲ ရာဇဝတ်မှု တခုကို အကြောင်းပြုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ပြန်လည်ရရှိနေပြီ ဖြစ်သော တည်ငြိမ် အေးချမ်းမှု ထိခိုက်စေမည့် ပြည်ပမှ ဝင်ရောက် စွက်ဖက်မှုများကို ရပ်တန့်၍ တရားဥပဒေ စိုးမိုးရေး၊ သက်ဆိုင်သူများအကြား ပြန်လည် သင့်မြတ်ရေး၊ ပြည်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အားပေး ဆောင်ရွက်သင့်ကြောင်းစသည်တို့ ပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။