သတင်းတို

ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး ပြဿနာ ညှိနှိုင်း ဆောင်ရွက် ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး အဖွဲ့ဝင်များ နုတ်ထွက်ရန် အတွက် ပြည်သူ့လွှွတ်တော်က စွပ်စွဲ ပြစ်တင်ပြောဆိုနေမှုနှင့် ပတ်သက်၍ အားလုံး ညှှိနှိုင်း တိုင်ပင်လုပ်ဆောင် သွားရမည်ဖြစ်ကြောင်း NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက် သည်။ လွှတ်တော်ကိုယ်စားလှယ် အားလုံး ဝိုင်းဝန်းဆုံးဖြတ်ကြ ရမည့်ကိစ္စဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဦးစားပေး လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ သမ္မတမှ လွှတ်တော် ဥက္ကဌထံ ပေးပို့သော သဝဏ်လွှာကိုလည်း မှတ်ချက် တစုံတရာ မပေးလိုကြောင်း ယမန်နေ့က နေပြည်တော်၌ သတင်းထောက်များကို ၎င်းက ပြောဆိုသည်ဟု သိရသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး တာဝန်ရှိသူများကလည်း သတင်းစာရှင်းလင်းပွဲလုပ်ကာ ၎င်းတို့အနေဖြင့် နုတ်ထွက်မည် မဟုတ်ကြောင်း ပြည် သူ့ လွှတ်တော် ကိုယ်စားလှယ် ၃၀၀ ခန့် လက်မှတ်ထိုးတောင်းဆိုမှုကို ပယ်ချခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading