ကမ္ဘာကျော် နိုင်ငံရေးသိပ္ပံနှင့် နိုင်ငံရေးဘောဂဗေဒ ပညာရှင် ဒေါက်တာ ဖရန်စစ် ဖူကူယားမားသည် စီးပွားရေးစီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နည်းလမ်းများ၊ ကောင်းမွန်သော အစိုးရတရပ် တည်ဆောက်ရေး စသည်တို့ကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ သြဂုတ်လ ၂၂ နေ့နှင့် ၂၃ ရက်နေ့တို့တွင် ဟောပြောမည်ဟု မင်္ဂလာမြန်မာအဖွဲ့ကို ကိုးကား၍ The Voice Weekly ဂျာနယ်က ရေးသားထားသည်။ သြဂုတ်လ ၂၄ ရက်နှင့် ၂၅ ရက်နေ့တွင်လည်း နေပြည်တော်၌ ဟောပြောပွဲ ကျင်းပမည်ဟု ယင်းသတင်းတွင် ဖော်ပြထားသည်။ စတန်းဖို့ဒ် တက္ကသိုလ်မှ ပေါမောက္ခ ဖရန်စစ် ဖူကူယားမား၏ စာအုပ်နှင့် စာတမ်းများကို ပြည်တွင်းတွင် စာရေးဆရာ အသီးသီးက မြန်မာဘာသာသို့ မိတ်ဆက် ပြန်ဆို ထုတ်ဝေထားပြီး မြန်မာစာဖတ် ပရိတ်သတ်များအကြားတွင် ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုလေ့လာကြသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။