• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သမ္မတ ဦးသိန်းစိန်နှင့် NESAC တွေ့ဆုံဆွေးနွေး

by ရန်ပိုင်
22 August 2012
in သတင်း
A A
သမ္မတ ဦးသိန်းစိန်နှင့် NESAC တွေ့ဆုံဆွေးနွေး

သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားစီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီ (NESAC) အဖွဲ့ဝင်များ သြဂုတ်လ ၂၁ ရက်နေ့က တွေ့ဆုံစဉ် (ဓာတ်ပုံ - president-office.gov.mm)

3.6k
VIEWS
Share on FacebookShare on Twitter

သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားစီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီ (NESAC) အဖွဲ့ဝင်များ ယမန်နေ့က တွေ့ဆုံပြီး လယ်ယာကဏ္ဍနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးရာတွင် ပြည်ပရောက် မြန်မာနိုင်ငံသားများ လွယ်ကူချောမွေ့စွာ ပြန်လာနိုင်ရေးကိုလည်း ပါဝင်ကြောင်းသိရသည်။

နေပြည်တော်၌ ပြုလုပ်သည့် အဆိုပါဆွေးနွေးပွဲတွင် သမ္မတ ဦးသိန်းစိန်နှင့်အတူ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံဖြိုး တိုးတက်မှုဝန်ကြီး ဦးတင်နိုင်သိန်းတို့ တက်ရောက်ခဲ့ပြီး NESAC အဖွဲ့ဝင် ဦးတင်ထွဋ်ဦး၊ ဒေါက်တာ ဆက်အောင်၊ ဒေါက်တာ ကျော်ရင်လှိုင်၊ ဒေါက်တာ ဇော်ဦး၊ ဦးသီဟံမျိုးညွန့်၊ ဦးတင်မောင်သန်း၊ ဦးဝင်းအောင်၊ ဦးသောင်းတင်၊ ဦးသန်းလွင်၊ ဦးလှမောင်ရွှေ၊ ဦးမိုးကျော်၊ ဦးခင်မောင်အေးတို့ အပါအဝင် ၁၂ ဦး တက်ရောက်ခဲ့သည်ဟု ယနေ့ထုတ် အစိုးရသတင်းစာများတွင် ရေးသားထားသည်။

RelatedPosts

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
137
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
2.5k
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
493

ထိုဆွေးနွေးပွဲ၌ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးတွင် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ ဓနအင်အား၊ လုပ်အား၊ အတတ်ပညာ၊ အသိပညာများမှာ အရေးကြီးသည့်အတွက် မြန်မာနိုင်ငံသားများ ချောမွေ့စွာ ပြည်တော်ပြန်ရေးကို ဆွေးနွေးခြင်းဖြစ်ကြောင်း NESAC အဖွဲ့ဝင်တဦးဖြစ်သည့် ဦးလှမောင်ရွှေက ဧရာဝတီသို့ ပြောသည်။

“အိန္ဒိယ၊ တရုတ်၊ ဗီယက်နမ် နိုင်ငံတွေ ပြန်လည်ထူထောင်ရေးမှာ သူတို့ အဝေးရောက် နိုင်ငံသားတွေလုပ်အား အများကြီးပါတယ်။ အဝေးရောက် မြန်မာနိုင်ငံသားတွေထဲမှာလည်း ကောင်းကျိုးလုပ်ချင်တဲ့သူတွေ အများကြီး ရှိမှာပါ။ ဒါမျိုးကို ကျနော်တို့ နမူနာယူရမယ်” ဟု ၎င်းက ဆိုသည်။

ထိုသို့ ပြန်လာနိုင်ရန်အတွက် ပထမဦးစွာ ပြည်ပရောက် နိုင်ငံရေးအဖွဲ့များ၊ တိုင်းရင်းသား အဖွဲ့အစည်းများဖြင့် ဆွေးနွေးကာ ယုံကြည်မှု တည်ဆောက်ရန် လိုအပ်သကဲ့သို့၊ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများတွင် နိုင်ငံသား ခံယူထားသူများကိုလည်း  ကြာရှည်စွာနေနိုင်ရန် အမြဲတမ်းနေထိုင်ခွင့် (PR) ကဲ့သို့သော အခွင့်အလမ်းများလည်း ပေးအပ်ရန်လိုသည်ဟု ထည့်သွင်းဆွေးနွေးကြောင်း ဦးလှမောင်ရွှေက ပြောသည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများ အလည်အပတ် ပြန်လာရာတွင်ပင် လူဝင်မှုကြီးကြပ်ရေး ဥပဒေများနှင့် ကြိုးနစ်စနစ်ကြောင့် ခက်ခဲမှုများ ရှိနေသေးကြောင်း၊ အားလုံး ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးမှုများ ပြုလုပ်သည်ဟု  ၎င်းက ဆက်လက်ပြောသည်။

အမျိုးသားစီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီ (NESAC) အဖွဲ့ဝင် စီးပွားရေးပညာရှင် ဒေါက်တာ ဇော်ဦး ပင်လျှင် အမေရိကန်နိုင်ငံသား ခံယူထားသူတဦး ဖြစ်သော်လည်း တိုင်းပြည်၏ စီးပွားရေးတိုးတက်မှု ကဏ္ဍများတွင် ဝင်ရောက်လုပ်ကိုင်နေကြောင်း သိရသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချူပ် (UMFCCI) ဥက္ကဋ္ဌ ဦးဝင်းအောင်ကလည်း လယ်ယာမြေ သန်းခေါင်စာရင်းများ မှန်မှန်ကန်ကန် ကောက်ယူပြီး လိုအပ်နေသည့် တောင်သူများအား ရရှိစေနိုင်မည့် နည်းလမ်းများ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ လာရောက်လျှင် နိုင်ငံသားများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်တို့ကို စုပေါင်းဆွေးနွေးသည်ဟု ဆိုသည်။

“ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာရင် မြန်မာနိုင်ငံသားတွေ အလုပ်ကြမ်းတွေမှာတင် မဟုတ်ဘဲ ထိုက်တန်တဲ့ အလုပ်မျိုးတွေမှာ ရဖို့အတွက် စွမ်းရည်မြှင့်တင်ပေးရေးကိုလည်း ဆွေးနွေးကြတယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပါက ပြည်တွင်း ပုဂ္ဂလိက အသေးစားလုပ်ငန်းများ ပပျောက်သွားခြင်း မရှိစေရေးအတွက် အကာအကွယ်ပေးရေး၊ ဖက်စပ်လုပ်ကိုင်နိုင်ရေး အခွင့်အလမ်းများ ဖော်ဆောင်ရေး၊ အသေးစား လုပ်ငန်းများအား အစိုးရနှင့် UMFCCI အဖွဲ့မှ အားပေးနိုင်ရေးကိုလည်း ဆွေးနွေးကြကြောင်း ဆက်ပြောသည်။

ပြီးခဲ့သည့် မေလအတွင်းက ဖွဲ့စည်းခဲ့သည် NESAC အဖွဲ့ဝင်များနှင့် သမ္မတ ဦးသိန်းစိန်တို့၏ ယခု တွေ့ဆုံမှုသည် ၄ ကြိမ်မြောက် တွေ့ဆုံခြင်း ဖြစ်သည်။

Your Thoughts …
Tags: GovernanceThein Sein
ရန်ပိုင်

ရန်ပိုင်

ဧရာဝတီ

Similar Picks:

နောက်ကြောင်းပြန် အရေးယူမည့် ဥပဒေ ပြဋ္ဌာန်းခွင့်မရှိဟု ဒုရှေ့နေချုပ်ပြော

နောက်ကြောင်းပြန် အရေးယူမည့် ဥပဒေ ပြဋ္ဌာန်းခွင့်မရှိဟု ဒုရှေ့နေချုပ်ပြော

by သာလွန်ဇောင်းထက်
6 February 2013
4.8k

လွှတ်တော်ကို ၀င်ကတည်းက အရင် စစ်အစိုးရ စစ်ခေါင်းဆောင်တွေကို ဘယ်လိုမှ အရေးယူလို့မရဘူး ဆိုတာ အားလုံး နားလည်ထားတာပဲ

ရပ်/ကျေး အုပ်ချုပ်ရေးမှူး လစာ ၇ သောင်းရမည်

ရပ်/ကျေး အုပ်ချုပ်ရေးမှူး လစာ ၇ သောင်းရမည်

by အောင်သက်ဝိုင်း
25 July 2012
6.8k

အရင်က မြို့နယ်အုပ်ချုပ်ရေးမှူး ဆိုတာ ဌာနမှာ ရာထူးအဆင့် သတ်မှတ် ထားတာမျိုး မရှိဘူး။ အခု ဖွဲ့စည်းပုံက တရားဝင် ရာထူးအဆင့် သတ်မှတ်ပေး လိုက်တာ

သန်လျင် ဆည်မြောင်းပိုင်မြေတွင် ကျူးကျော်နေသူများ ဖယ်ပေးရန် ညွှန်ကြားခံရ

သန်လျင် ဆည်မြောင်းပိုင်မြေတွင် ကျူးကျော်နေသူများ ဖယ်ပေးရန် ညွှန်ကြားခံရ

by စနေလင်း
21 September 2013
2.6k

ဆည်ရဲ့ ပတ်ဝန်းကျင်မှာ အခုနောက်ပိုင်း ကျူးကျော်တဲတွေ အရမ်းကို များလာတာ ကလည်း တကြောင်း၊ ကျနော်တို့က ဆည်ရဲ့ ပြုပြင် ထိန်းသိမ်းရေးတွေ လုပ်တဲ့အခါမှာ အခက်အခဲတွေ ဖြစ်လာမှာကလည်း တကြောင်းကြောင့် သူတို့ ကိုဖယ်ရှားရတာ

မြေသိမ်းမှု, သမ္မတဦးသိန်းစိန်

ဦးသိန်းစိန်အစိုးရ မြေမသိမ်းဟု ကတိပြု

by မေခ
30 September 2013
2.8k

ဒီအစိုးရ လက်ထက်မှာတော့ မြေယာသိမ်းတာတွေ မဖြစ်အောင် လုပ်သွားမှာပါ။ တတ်နိုင်သမျှ သိမ်းဖို့ မရှိနိုင်အောင် လုပ်မှာပါ။ ဥပဒေကြမ်း ကလည်း အမျိုးသား အဆင့် အနေနဲ့ ရေးဆွဲတာပါ။ လာမယ့်နှစ် ဧပြီလမှာ အပြီး သတ်မယ်

ဦးသိန်းစိန်နှင့် ဦးရွှေမန်း မပြေလည်မှု ထပ်ဆိုးလာမည်လော

ဦးသိန်းစိန်နှင့် ဦးရွှေမန်း မပြေလည်မှု ထပ်ဆိုးလာမည်လော

by သာလွန်ဇောင်းထက်
2 September 2013
10.1k

ထိပ်သီး အကွဲအပြဲတွေကို ထိန်းကျောင်းပေး နိုင်သူဆိုလို့ အခု အငြိမ်းစားနေတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသာ ရှိတာကြောင့် သူ့ကို ကြားဝင်ဖို့ ပန်ကြားမှုတွေ ရှိတယ်လို့ နေပြည်တော် နိုင်ငံရေး အသိုင်းအဝိုင်းက တဆင့် ဧရာဝတီက ကြားသိရပါတယ်။

နော်ဝေကနေ ကြိုနေတယ်

နော်ဝေကနေ ကြိုနေတယ်

by ထက်အောင်ကျော်
15 February 2013
6.9k

မင်းကိုနိုင်ကို ကြိဆိုမယ့် လူတွေလည်း ရာနဲ့ချီရှိနေတယ်လို့ သိရပေမယ့် သမ္မတ ဦးသိန်းစိန်ကို ကြိုဆိုမယ့် မြန်မာနိုင်ငံသား ဒါမှမဟုတ် သူနဲ့အတူ ညစာ စားပွဲတက်မယ့် မြန်မာနိုင်ငံသား မရှိသလောက် နည်းနေတယ်လို့ သိရပြီး ဆန္ဒပြပွဲလုပ်မှာကိုတောင် စိုးရိမ်နေရပါတယ်

Next Post
အခြေခံဥပဒေ ခုံရုံး အရှှုပ်တော်ပုံ

အခြေခံဥပဒေ ခုံရုံး အရှှုပ်တော်ပုံ

စမာဆည် ဖျက်သိမ်းရေး ဆန္ဒပြ (ရုပ်/သံ)

စမာဆည် ဖျက်သိမ်းရေး ဆန္ဒပြ (ရုပ်/သံ)

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.3k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်နှင့် အနောက်တိုင်း အားထုတ်မှု ခြားနားချက်

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate