• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကြေးနီစီမံကိန်း လယ်သိမ်းခံ ရွာသားများနှင့် အာဏာပိုင်များအကြား တင်းမာ

by လင်းသန့်
22 August 2012
in သတင်း
A A
ကြေးနီစီမံကိန်း လယ်သိမ်းခံ ရွာသားများနှင့် အာဏာပိုင်များအကြား တင်းမာ

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း (ဓာတ်ပုံ - Canadian Friend of Burma)

2.7k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းဒေသမှ လယ်ယာမြေ သိမ်းယူခံထားရသည့် ဒေသခံရွာသားများနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်များအကြား တင်းမာမှုများ မြင့်တက်နေကြောင်း သတင်းရရှိသည်။

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း (ဓာတ်ပုံ – Canadian Friend of Burma)

ယနေ့ နံနက်က ဒေသခံ လူအင်အား ၅၀၀ ကျော်သည် စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ဆားလင်းကြီး မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးသို့ ယနေ့နံနက်က ချီတက်သွားခဲ့ရာ လုံခြုံရေးအင်အားများဖြင့် ဆားလင်းကြီးမြို့မှ ၃ မိုင်ခန့် အကွာရှိ ဥသျှစ်ပြာ ကျေးရွာအနီးတွင် တားမြစ်ခံခဲ့ရကြောင်း၊ ကျေးရွာ ၁၁ ရွာမှ ကိုယ်စားလှယ် ၂ ဦးစီနှင့် ဆွေးနွေးရန် ခွင့်ပြုမည်ဟု မြို့နယ် အုပ်ချုပ်ရေမှူး ဦးဇော်မိုးအောင်နှင့် တာဝန်ရှိသူများက ပြောခဲ့ကြောင်း ဒေသခံ ဆရာတော် ဦးနန္ဒစာရက ဧရာဝတီကို မိန့်ကြားသည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
47
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
80
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
288

သို့သော် ကာယကံရှင် လယ်သမား ကိုယ်စားလှယ်များနှင့် မဆွေးနွေးဘဲ ကူညီပေးနေသူ ကိုဝေဠုနှင့် တိုင်းဒေသကြီး လွှတ်တော် ဒု ဥက္ကဌ ဦးသောင်းစိန်၊ တိုင်းဒေသကြီး အစိုးရ သတ္တုတွင်းဝန်ကြီး ဦးသန်းထိုက်၊ ဦးပိုင်ကုမ္ပဏီ ဌာနကြီးမှူး ဦးဝင်းကြည်၊ တိုင်းဥပဒေအရာရှိ ဦးတင်ဦးနှင့် တရုတ် ကုမ္ပဏီမှ တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြရာ အဆင်မပြေ ဖြစ်နေကြောင်း ဆရာတော်က ဆက်ရှင်းပြသည်။

“ဒီနေ့ လယ်သမား ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမယ်ဆိုပြီး ကျနော်နဲ့ပဲ ဆွေးနွေးဖြစ်တယ်။ သူတို့က ပုံတွေထုတ်ပြပြီး ဒီကိစ္စ တာဝန်ယူ ဖြေရှင်းပြီးဖြစ်တယ်လို့ ပြန်ပြောတယ်၊ သူတို့ကို ဘယ်လို ဘ၀ အာမခံချက်ရှိတဲ့ လျော်ကြေးပေးဖို့ကိစ္စ ကျနော်က မေးတယ်။ သူတို့အနေနဲ့က လျော်ပြီးဖြစ်တယ်ဆိုတဲ့ အခြေအနေမျိုး ပြန်ပြောတယ်” ဟု ပြည်သူ့ အကျိုးဆောင်ကွန်ရက် တာဝန်ခံ ကိုဝေဠုက ဧရာဝတီကို ပြောသည်။

သို့အတွက် လယ်သမားများ ပို၍ မကျေနပ်မှု ပိုဖြစ်သွားရကြောင်း၊ ဆွေးနွေးညှိနှိုင်း အဖြေရှာလျှင် အဆင်ပြေမည်ဟု မျှော်လင့်ကြောင်း၊ သို့မဟုတ်ပါက မလိုလားအပ်သည့် ပြဿနာများ ဖြစ်လာနိုင်ကြောင်း သူက ဆိုသည်။

သို့အတွက် ဒေသခံ လယ်သမားများသည် ၎င်းတို့ရွာများ မပြောင်းရွှေ့ရေး၊ အကယ်၍ စီမံကိန်းနယ်မြေအဖြစ် ကျေးရွာ ယာမြေများ သိမ်းဆည်းသည်ဆိုပါကလည်း ဘ၀ အာမခံချက်ရှိသည့် နစ်နာကြေး၊ လျော်ကြေးကိစ္စ ညှိနှိုင်းရန် လိုလားလျက်ရှိကြောင်း၊ ယခင်က သဘောတူထားခဲ့သည့်အတိုင်း ညှိနှိုင်းမှုမပြုဘဲ စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်ပါက ဒေသခံရွာသားများက ဆက်လက်တားမြစ် တိုက်ပွဲဝင်မည်ဖြစ်ကြောင်း ကိုဝေဠုက ဆက်ပြောသည်။

ဒေသခံများက မကျေမနပ်ဖြစ်ကာ ဆက်လက်ချီတက် ဆန္ဒပြရန် ကြွေးကြော်နေပြီး ကူညီဆောင်ရွက် ပေးသူများကလည်း မကျေနပ်မှုများ ပို၍ မကြီးထွားစေရန် ထိမ်းထိမ်းသိမ်းသိမ်းဖြစ်ရေး ညှိနှိုင်းနေဆဲဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ညပိုင်းကလည်း ဒေသခံ ရွာသူ၊ ရွာသား ၃၀၀ ခန့်နှင့် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းက သိမ်းပိုက်ထားသည့် နယ်မြေတွင် လက်နက်အပြည့်အစုံနှင့် ရဲ၊ လုံ/ထိန်း အင်အား ၁၀၀ ခန့်တို့အကြား တင်းမာမှု ဖြစ်ခဲ့ကြောင်း၊ တိုင်းဒေသကြီး အစိုးရ၏ ခွင့်ပြုမိန့်ဖြင့် ယမန်နေ့က ရဲ၊ လုံ/ထိန်းများနှင့် အင်အားပြ ခြိမ်းခြောက်ပြီး စီမံကိန်းများကို ပြန်လည် စတင်လုပ်ဆောင်ရန်လာစဉ် ရွာသားများက တားဆီးရာမှ တင်းမာမှုများ ဖြစ်ခဲ့ကြောင်း ရွာသူ၊ ရွာသားများက ရှင်းပြသည်။

စီမံကိန်းအတွက် သိမ်းဆည်းခံရသော လယ်ယာမြေများအတွက် ထိုက်တန်သည့် လျော်ကြေး တစုံတရာ မပေးသရွေ့၊ ညှိနှိုင်းဆွေးနွေးမှု မပြီးပြတ်သေးခင်ကာလ အဆိုပါနယ်မြေတွင် အဆောက်အဦး ဆောက်လုပ်ခြင်း၊ စွန့်ပစ်မြေ၊ ပစ္စည်းများ စွန့်ပုံခြင်းများ မပြုလုပ်ရန် သက်ဆိုင်ရာတာဝန်ရှိသူ၊ ကုမ္ပဏီတို့နှင့် ဒေသခံတို့ကြား သဘောတူခဲ့ကြကြောင်း၊ အဆိုပါ သဘောတူညီမှုကို ယမန်နေ့က ချိုးဖောက်ခြင်း ဖြစ်ကြောင်း ဒေသခံ ရွာသူတဦးဖြစ်သူ မအေးလဲ့က ပြောသည်။

“သူတို့က စီမံကိန်း ဆက်မလုပ်ပါဘူးဆိုပြီး စာချုပ်တွေ ချုပ်ထားကြတာ။ အဲဒါမနေ့က စပြီး သူတို့လုပ်တယ်။ ဆားလင်းကြီး မြို့နယ်အုပ်ချုပ်ရေးမှူးကို သူတို့နဲ့ ကျမတို့ ညှိနှိုင်းမှုမပြီးမချင်း ဘာလို့ လုပ်တာတုန်းဆိုတော့ တိုင်းဒေသကြီး အဖွဲ့က လုပ်ခိုင်းလို့ လုပ်တာတဲ့။ ဘယ်သူ့မှ ညှိနှိုင်းစရာ မလိုတော့ဘူး ပြောပါတယ်” ဟု သူက ဆိုသည်။

ဒေသခံ တောင်သူများသည် မြေပဲ၊ နှမ်း၊ ဂျုံ၊ နေကြာအစရှိသည့် ယာလုပ်ငန်းများ စိုက်ပျိုးအသက်မွေးခဲ့ကြကြောင်း၊ ယခုအခါ စီမံကိန်းနယ်မြေအတွက် မြေဧက ၇၈၀၀ ကျော် သိမ်းဆည်းပြီးနောက် ဒေသခံ တောင်သူများကို သီးနှံလျှော်ကြေးသာ ပေးမည်ဆိုပြီး ယာမြေများအတွက် သက်ဆိုင်ရာ ဦးပိုင်နှင့် တရုတ်ကုမ္ပဏီတို့က ညှိနှိုင်းမည်ဆိုပြီး မည်သို့မျှ မစဉ်းစားပေးကြောင်း၊ သို့အတွက် ယခုအခါ ယာမြေသိမ်းဆည်းခံ တောင်သူများဘ၀ ရပ်တည်ရေး ခက်ခဲနေကြောင်း တောကျောင်းရွာမှ အသက် ၄၉ နှစ်ရှိ တောင်သူ ဦးမြင့်ဌေးက ပြောသည်။

“ကျနော့်ယာမြေတွေ ဆုံးရှုံးသွားတော့ စားဝတ်နေရေး အရမ်းခက်ခဲနေပါတယ်။ ဒီနှစ်အဆိုးဆုံးပါပဲ။ အခုဆို ကလေးတွေ ကျောင်းဆက်ထားဖို့တောင် အရမ်း အခက်အခဲ ဖြစ်နေတာပါ”ဟု သူက ဆိုသည်။

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းလုပ်ငန်းများကို မြန်မာ့စီးပွားရေး ဦးပိုင်က တရုတ် ဝမ်ပေါင် ကုမ္ပဏီနှင့် ပူးပေါင်းပြီး ကြေးနီလုပ်ငန်း စီမံကိန်းအတွက် အနီးအနားပတ်ဝန်းကျင်ရှိ ကျေးရွာပေါင်း ၂၆ ရွာနှင့် လယ်မြေများကို စီမံကိန်းနယ်မြေအဖြစ် သတ်မှတ်ကာ စီမံကိန်းပိုင်း အဓိကနေရာတွင် ရှိသည့် ရွာ ၄ ရွာကိုလည်း အတင်းအဓမ္မ ဖယ်ရှားခိုင်းခဲ့၍ ဒေသခံလယ်သမားများက မကျေမနပ် ဖြစ်ခဲ့ကြသည်။

တချို့ကျေးရွာသားများက ၎င်းတို့ ကျေးရွာများမှ မပြောင်းရွှေ့သေးဘဲ ညှိနှိုင်းမှုပြုရန် တောင်းဆိုနေဆဲဖြစ်သည်။ အဆိုပါ စီမံကိန်းနယ်မြေတွင် လွန်ခဲ့သည့် ဇူလိုင်လ ၂၃ ရက်မှ စတင်ကာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်။

Your Thoughts …
Tags: Farmer RightsFarmersProtest
လင်းသန့်

လင်းသန့်

Contributor

Similar Picks:

ဘင်္ဂလားဒေ့ရှ်, ရခိုင်တိုင်းရင်းသား, အုပ်စုလိုက် ဝင်ရောက်, မောင်တော, ရခိုင်ပြည်နယ်, မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူး

ဘင်္ဂလားဒေ့ရှ်မှ ရခိုင်တိုင်းရင်းသားများ မောင်တောသို့ အုပ်စုလိုက် ဝင်ရောက်လာနေ

by စနေလင်း
6 February 2014
14.1k

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် နေထိုင်ခဲ့ကြသော ရခိုင်တိုင်းရင်းသားများ ရခိုင်ပြည်နယ် မောင်တောမြို့နယ်သို့ ယခုလဆန်း အတွင်း အုပ်စုလိုက် ၀င်ရောက် လာကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျင်စန်းက ပြောသည်။

အာဏာရှင်, မြန်မာ့တပ်မတော်, ထောက်လှမ်းရေး, ဒေါ်ကြိုင်ကြိုင်, နေဝင်း, သန်းရွှေ

အာဏာရှင်များနှင့် မြန်မာ့တပ်မတော် အပိုင်း ၅ – ဗိုလ်သန်းရွှေကို ဗိုလ်နေဝင်း ရာထူးတိုးပေးခြင်း

by အောင်ဇော်
6 February 2014
17k

သူ့ရဲ့ခင်ပွန်းဟာ တနေ့ကျရင် မြန်မာနိုင်ငံရဲ့ ဘုရင်ဖြစ်လာမယ်လို့ ဗေဒင်ဆရာက ဟောလိုက်တယ်။ ပထမပိုင်းတော့ ဒေါ်ကြိုင်ကြိုင် ဒီဟောကိန်းကို မယုံဘူး။ သူများတွေသိသွားရင် သူ့ခင်ပွန်း အလုပ်ပြုတ်သွားမှာကိုလည်းစိုးရိမ်တယ်။

ဧရာရွှေဝါ သိမ်းခဲ့သည့် လယ်များ ပိုင်ရှင်များထံ ပြန်ပေးရေး လွှတ်တော်ဆုံးဖြတ်

ဧရာရွှေဝါ သိမ်းခဲ့သည့် လယ်များ ပိုင်ရှင်များထံ ပြန်ပေးရေး လွှတ်တော်ဆုံးဖြတ်

by သန့်စင်ငြိမ်းချမ်း
1 April 2013
4.4k

၈ လကြာသည် အထိ လယ်သမားများ လက်ဝယ် မရောက်ရှိသေးသည့် အတွက် မိုးစပါး စိုက်ပျိုးချိန်အမီ လယ်သမားများကို ပြန်လည်ပေးအပ်ရန် သာပေါင်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသိန်းက အဆိုတင်သွင်းခဲ့

ဗိုလ်ချုပ်စိုးရှိန် သေနတ်ဖြင့် ခြိမ်းခြောက်မှု တောင်သူများကို အမှုဖွင့်ခွင့်မပေး

ဗိုလ်ချုပ်စိုးရှိန် သေနတ်ဖြင့် ခြိမ်းခြောက်မှု တောင်သူများကို အမှုဖွင့်ခွင့်မပေး

by ထက်နိုင်ဇော်
26 July 2013
12.3k

ဗိုလ်ချုပ် စိုးရှိန်ဆိုသူက တပည့် ၄ ဦးဖြင့် ၀င်ရောက်လာပြီး ၎င်း၏ ပစ္စတို သေနတ်ကိုထုတ်၍ ယာမြေထဲမှ မထွက်ပေးပါက ပစ်သတ်မည်ဟု အော်ဟစ် ခြိမ်းခြောက်ခဲ့

စစ်တပ်နှင့်ရဲ မြေသိမ်းမည့်အစီအစဉ် သမ္မတထံ တိုင်ကြား

လက်နက်စက်ရုံ အတွက် သိမ်းမြေများ ပြန်ပေးရန် တောင်းဆို

by ကျော်ခ
24 August 2012
3.7k

“အဆောက်အအုံ အဆောက်ခံရတဲ့ မြေတွေကိုတော့ နစ်နာကြေး ကာလတန်ကြေး ပေးဆောင်ဖို့ပေါ့၊ အဆောက်အအုံ မဆောက်ဘဲ လွတ်နေတဲ့ မြေတွေကိုတော့ မူရင်းပိုင်ရှင်တွေကို ပြန်ပေးဖို့တောင်းဆိုတာ”

ထွန်တုံးတိုက်ပွဲဝင် လယ်သမား ၁၉ ဦး တရားစွဲခံရ

ထွန်တုံးတိုက်ပွဲဝင် လယ်သမား ၁၉ ဦး တရားစွဲခံရ

by ဆလိုင်းသန့်စင်
18 July 2013
2.3k

ဧရာဝတီတိုင်း ဒေသကြီး မော်လမြိုင်ကျွန်း၊ အင်္ဂပူ၊ လပွတ္တာနှင့် ငပုတော မြို့နယ်များရှိ ထွန်တုံး တိုက်ပွဲဆင်နွှဲသူ လယ်သမား ၁၉ ဦး နှင့် ပုသိမ်မြို့အခြေစိုက် လယ်သမားအရေး လှုပ်ရှားသူများ တရားစွဲ ခံနေရကြောင်း သတင်းရရှိသည်။

Next Post
ကျား ထိန်းသိမ်းရေး ဒေသခံများ ဆန္ဒပြမည်

ကျား ထိန်းသိမ်းရေး ဒေသခံများ ဆန္ဒပြမည်

Forbes ၏ သြဇာကြီးသူစာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.6k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate