သတင်းတို
Forbes ၏ သြဇာကြီးသူစာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်
This article has been converted from Zawgyi One to Unicode
ကမ္ဘာကျော် Forbes မဂ္ဂဇင်းက ရွေးချယ်သည့် ယခုနှစ်အတွင်း သြဇာအရှိဆုံးအမျိုးသမီး ၁၀၀ စာရင်း ယမန်နေ့က ထွက်ပေါ်လာရာ ဒေါ်အောင်ဆန်းစုကြည်ကို နံပါတ် ၁၉ တွင် ဖော်ပြထားကြောင်း တွေ့ရသည်။ စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ် ခံနေရခြင်းကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ငြင်းပယ်သော်လည်း နိုင်ငံတကာတွင်မူ သူ့ကို ယခုနှစ်အတွင်း ထိုသို့ သတ်မှတ်နေကြသည်ဟု နယူးယောက်အခြေစိုက် Forbes မဂ္ဂဇင်းက ရေးသားထားသည်။