ထိုင်း-မြန်မာ နယ်စပ် မယ်ဟောင်ဆောင် ခရိုင်တွင် နှစ်နိုင်ငံ စီးပွားရေးနှင့် ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ရန် ယခုလ ၂၆ ရက် နေ့မှ စတင်၍ ၃ ရက်ခန့် အကြာ ကျင်းပပြုလုပ်မည့် ဆွေးနွေးပွဲကို ထိုင်း စီးပွားရေး လုပ်ငန်းရှင်များက မြန်မာနိုင်ငံမှ အစိုးရ စီးပွား ရေး ကိုယ်စားလှယ်များကို ဖိတ်ကြားထားကြောင်း သိရှိရသည်။ ကယားပြည်နယ် နယ်စပ်ဒေသရှိ အစိုးရ စီးပွားရေး ကိုယ်စားလှယ် ၈ ဦးခန့်ကို ဖိတ်ကြားထားပြီး BP ၁၃ နယ်စပ်ဂိတ် ပြန်ဖွင့်ရေး နှင့် စီးပွားရေး ဆိုင်ရာ ကိစ္စများကို ဆွေးနွေးသွားမည် ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။