မြန်မာ့သစ်တောပိုင်ဆိုင်မှုသည် တိုင်းပြည်အကျယ်အဝန်း၏ ငါးပုံတစ်ပုံသာရှိတော့သဖြင့် နိုင်ငံခြားသို့ သစ်တင်ပို့မှု လုံးဝရပ်ဆိုင်းရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီက လိုလားနေသည်။ သစ်တောဖုံးဧရိယာသည် ၂၀၀၅ ခုနှစ်တွင် ၅၁ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၀၈ ခုနှစ်တွင် ၂၄ ရာခိုင်နှုန်းသာ ကျန်တော့ကြောင်း ကော်မတီက ထုတ်ပြန်သည်။ သစ်တောပြုန်းတီးမှု၏ အကြောင်းရင်းမှာ သစ်ခုတ်မှုကြီးထွားလာခြင်း၊ သစ်မှောင်ခိုရောင်းချခြင်း၊ သစ်ပင်စိုက်ပျိုးမှု လျော့ကျခြင်း၊ ထင်းသုံးစွဲမှု မြင့်လာခြင်းတို့ကြောင့်ဟု ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။