သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်တွင် ယမန်နေ့ သြဂုတ် လ ၂၂ ရက်နေ့ ညနေပိုင်းက ထပ်မံတွေ့ဆုံခဲ့ကြသည်။ ယခုတွေ့ဆုံမှုသည် တပတ်အတွင်း ဒုတိယ အကြိမ်ဖြစ်ပြီး စတုတ္တအကြိမ် တွေ့ဆုံမှုလည်း ဖြစ်သည်။ ၁ နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသော်လည်း ဆွေးနွေးမှု အသေးစိပ်ကို ၂ ဘက်လုံးက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော်တွင် တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ဆိုင်ရာ လွှတ်တော်ရေးရာ ကော်မီတီ ဥက္ကဌတာဝန် ယူထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။