ခုံရုံးအရေး လွှတ်တော်ဥက္ကဌများနှင့် သမ္မတ တွေ့
This article has been converted from Zawgyi One to Unicode
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ သမ္မတ အိမ်တော်တွင် တွေ့ဆုံဆွေးနွေးနေကြကြောင်း သတင်းရရှိပါသည်။ “လွှတ်တော်ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့်ဟု သတ်မှတ်ခြင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ညီညွတ်ခြင်းမရှိ”ဟူသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဖြေရှင်းရန်နည်းလမ်း အငြင်းပွားနေမှုအပေါ် ဆွေး နွေး နေကြခြင်းဖြစ်သည်ဟု လွှတ်တော်ရုံးအဖွဲ့တာဝန်ရှိသူ တဦးကပြောသည်။ အဆိုပါ ဆုံးဖြတ်ချက်ကို ပယ်ပျက်နိုင်ရန် နိုင်ငံတော်သမ္မတက အခြေခံဥပဒေကို ပြင်ဆင်သည့်နည်းလမ်း သုံးစွဲစေလိုကြောင်း ပြောကြားထားပြီး ပြည်သူ့လွှတ်တော်က ခုံရုံးအဖွဲ့ကို စွပ်စွဲပြစ်တင်ခြင်းနည်းလမ်း ဖြင့်ဆောင်ရွက်မည်ဟု ပြောကြားထားသည်။