• English
Wednesday, June 25, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မန္တလေး ကျူးကျော်နေထိုင်မှု ရဲက အကြမ်းဖက်နှိမ်နင်း

by မန်းသားလေး
23 August 2012
in သတင်း
A A
မန္တလေး ကျူးကျော်နေထိုင်မှု ရဲက အကြမ်းဖက်နှိမ်နင်း

ရဲက ဝင်မဖမ်းမီ ကျူးကျော်နေထိုင် သူများကို တွေ့ရစဉ် (ဓာတ်ပုံ – မန်းသားလေး / ဧရာဝတီ)

3.8k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက် အတွင်းရှိ ကျူးကျော်နေထိုင်သူများကို အမှတ်၁၁ရဲစခန်းမှ ဝင်ရောက်စီးနင်းရာ ကျူးကျော်နေထိုင်သူများနှင့် ရဲတပ်ဖွဲ့ဝင်များ အပြန်လှန် ရိုက်ခတ်မှု ဖြစ်ပွားခဲ့အပြီး သုံးရက်အကြာ ကျူးကျော်နေထိုင်မှုကို ခေါင်းဆောင်သူ ကိုဝင်းမြင့်ထွန်း ယနေ့နံနက် ၁၀နာရီခွဲ၌ ကိုယ်တိုင် ရဲစခန်းသို့ သွားရောက်အဖမ်းခံလိုက်ပြီ ဖြစ်သည်။

သြဂုတ်လ ၂၀ရက်နေ့က ရဲတပ်ဖွဲ့အင်အား ၈၀မှ ကျူးကျော်မြေကွက်အတွင်း ဝင်ရောက်ပြီး ကိုဝင်းမြင့်ထွန်းကို ဖမ်းဆီးရာ ယင်းမြေကွက်တွင် နေထိုင်သော အမျိုးသမီးများက ပိတ်ဆို့ကာဆီးထားသည့်အတွက် လုံခြုံရေးများမှ နံပါတ်တုတ်များ၊ သေနတ်ဒင်များ၊ စစ်ဖိနပ်များနှင့် ကန်ကြောက် ရိုက်နှက်မှုကြောင့် ပြင်းထန်သည့် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသမီး ၇ ဦး ဆေးရုံတက် ကုသခဲ့ရကြောင်း သိရသည်။

RelatedPosts

မြန်မာနိုင်ငံပို့မယ့် Y-8 နှစ်စီး တရုတ်လေဆိပ်မှာတွေ့ (ရုပ်/သံ)

မြန်မာနိုင်ငံပို့မယ့် Y-8 နှစ်စီး တရုတ်လေဆိပ်မှာတွေ့ (ရုပ်/သံ)

24 June 2025
56
တိုက်နေသူတွေမပါတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိုရမ် (ရုပ်/သံ)

တိုက်နေသူတွေမပါတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိုရမ် (ရုပ်/သံ)

24 June 2025
70
အစ္စရေး-အီရန်စစ်ပွဲကို ကြုံတွေ့နေရတဲ့ မြန်မာတွေ (ရုပ်သံ)

အစ္စရေး-အီရန်စစ်ပွဲကို ကြုံတွေ့နေရတဲ့ မြန်မာတွေ (ရုပ်သံ)

24 June 2025
67

ကျန်သူများ ဆေးရုံမှ ပြန်ဆင်းလာကြပြီဖြစ်သော်လည်း မခိုင်ဆိုသည့်အမျိုးသမီးမှာ ကိုယ်ဝန်လေးလလွယ်ထားရာမှ ပျက်ကျသွားပြီး ဗဟိုအမျိုးသမီးဆေးရုံတွင် တက်ရောက် ဆေးကုသလျှက် ရှိသည်။

စီးနင်းမှုတွင် လုံခြုံရေး ရဲ အင်အား ၂၀၀ ခန့် အသုံးပြုခဲ့ပြီး ၁၀၀ ကျော် မှာ ခြံဝင်းအပြင်ဘက်တွင်လုံခြုံရေး ရပ်စောင့်နေပြီး ၈၀ ကျော်က ခြံဝင်းအတွင်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ အပြင်ဘက်တွင် လုံခြုံရေးယူထားသော ရဲများမှ မီဒီယာများကို ဝင်ရောက်ခွင့်မပြုခြင်း၊ ဓါတ်ပုံရိုက်ခွင့်မပြုခြင်းများဖြင့် တားမြစ်ခဲ့သည်။

‘‘ကျွန်တော့်ကို ရဲတွေက လက်ထိပ်ခတ်ပြီး သေနတ်ဒင်တွေနဲ့ ထုတယ်။ ပါးတွေလည်း ရိုက်တယ်။ လက်ရိုက်တုတ်တွေနဲ့လည်း ခေါင်းရိုက်လို့ ခေါင်းမှာဆို သွေးတွေအများကြီး။ ခြေဖိနပ်နဲ့ ကန်တာ နံဆိုကျိုးပြီလားအောင့်မေ့ရတယ်။ ခုထိ ကျွန်တော့်လက်တွေဆို လှုပ်လို့တောင်မရသေးပါဘူး” ဟု ကျူးကျော်နေထိုင်သူ ကိုချစ်မိုးက ဧရာဝတီ ပြောသည်။

ကိုယ်ဝန် ၈ လရှိသည့် မဆေးကလည်း ဗိုက်ကို ဘွတ်ဖိနပ်နှင့် အကန်ခံခဲ့ရကြောင်းလည်း ပြောသည်။ ‘‘ကျွန်မက သမ္မတကြီးရေ ကယ်ပါအုံးလို့ အော်ပြီး ကိုဝင်းမြင့်ထွန်းကို အဖမ်းမခံရအောင် ရှိခိုးတောင်းပန်တာပါ။ အဲဒါကို သမ္မတကြီး အော်ရအောင် အဲဒါ နင့်အဖေမို့လို့လားဆိုပြီး ရဲတစ်ယောက်က ခြေထောက်နဲ့ ကန်သွားတာပါ” ဟု ၎င်းက ပြောသည်။

ကိုဝင်းမြင့်ထွန်းက ကိုယ်တိုင် ရဲစခန်းတွင် လာရောက်အဖမ်းခံမည် ဖြစ်ပြီး မိမိရှေ့နေနှင့် တိုင်ပင်ရန်အတွက် ၅ရက်ခန့် နောက်ဆုတ်ပေးပါရန် ယနေ့နံနက် ၈နာရီခွဲ  သက်ဆိုင်ရာ ရဲစခန်းသို့ အသနားခံစာတင်ရာ ရဲစခန်းမှ လက်မခံဘဲ ချက်ခြင်း လာရောက်အဖမ်းခံရန် ပြောရာ ယခု ကိုဝင်းမြင့်ထွန်း သွားအဖမ်းခံလိုက်ပြီ ဖြစ်သည်။

ကိုဝင်းမြင့်ထွန်းမှာ ယခင်က မန္တလေးမြို့ပေါ်ရှိ ငွေဇင်ယော်ဖိနပ်လုပ်ငန်းတွင် မန်နေဂျာလုပ်ကိုင်ခဲ့ပြီး လက်ရှိ မြရည်နန္ဒာရပ်ကွက် ရဝတ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၆၁လမ်းနှင့် ၆၂လမ်းကြား အင်းခရုရပ်ကွက်ရှိ လယ်မြေဧက ၁၅ဧကကို ဦးလဆန်အောင်ဝါ၏ ကေအိုင်အေခွဲထွက်အဖွဲ့က လယ်သမားများထံမှ ဝယ်ယူထားသော မြေကွက်များဖြစ်ပြီး ကိုဝင်းမြင့်ထွန်းဦးဆောင်သည့် လူနှစ်ထောင်ကျော်တို့က ဝင်ရောက်နေထိုင်ခဲ့ခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးအဖွဲ့၏ တိုင်တန်းချက်ကြောင့် ဝင်းမြင့်ထွန်းကို ကျူးကျော်ဝင်ရောက်နေထိုင်ပြီး တစ်လကျော်အကြာတွင် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ဦးလဆန်အောင်ဝါငြိမ်းချမ်းရေးအဖွဲ့မှ ဒုတိယဗိုလ်မှုးကြီး ညွန့်စိန်က ‘‘ ဒီကိစ္စက တော်တော်ရှည်မယ့်အနေထားမှာ ရှိနေတယ်။ ခု အသံတွေ ကြားတာက ခိုင်းတဲ့လူတွေက ခုလာပြီး ပြန်ဖမ်းသွားတယ်ဆိုတဲ့ အသံတွေ ထွက်လာနေပြီ။ ဝင်းမြင့်ထွန်းရဲ့ မိန်းမကိုယ်တိုင်က ဆေးရုံမှာ သူတို့ကို နောက်ကွယ်ကနေ ခိုင်းတဲ့လူက မန္တလေးမြို့တော် စည်ပင်သာယာ မြေစီမံခန့်ခွဲရေးဌာနမှုး ဦးတင်ထွဋ်ကျော်က ခိုင်းတာပါဆိုပြီး ထွက်ဆိုသွားပါတယ်” ဟု ပြောသည်။

‘‘စိတ်ထဲမကောင်းတာက ဒီလို ဌာနဆိုင်ရာတွေ ပါလာပြီဆိုတော့ သူတို့က ကျွန်တော်တို့ကို မလိုလားတာလား။ ကျွန်တော်တို့က မြေအောက်က အဖွဲ့စည်းဆိုတော့ တမင်ရည်ရွယ်ပြီးတော့ ဒီလို လုပ်ခိုင်းတာလားဆိုတာ တွေးပြီး ရင်ထဲမကောင်းဘူး။ သမ္မတက ကျွန်တော်တို့ကို လက်ကမ်းနေချိန်မှာ အောက်လူတွေက ဒီလို လုပ်တယ်ဆိုတာ စဉ်းစားစရာဖြစ်နေပြီ။ နောက်ပြီး သူ့အထက်မှာလည်း သူ့ထက်ကြီးတဲ့လူတွေ ပါမယ်။ သူတို့က ဘာသဘောနဲ့ ဒီလို လုပ်ခိုင်းတာလဲ။ ငြိမ်းချမ်းရေးကို မုန်းလို့ ဒီလိုလုပ်ခိုင်းတာလား ဆိုပြီး ကျွန်တော်တို့ တွေးနေပါတယ်” ဟု ဒုတိယဗိုလ်မှုးကြီး ညွန့်စိန်က ပြောသေးသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး ကိုဝင်းမြင့်ထွန်းမှ ဖြစ်ရပ်မှန်နှင့် ၎င်းနောက်ကွယ်မှ ကြိုးကိုင်သူများကို ထွက်ဆိုသွားမည်ဖြစ်ကြောင်း ပြောဆိုသည်ဟု သိရသည်။

ဆက်စပ်သတင်း

  • ကချင် BGF ပိုင်မြေတွင် လူ ၂၀၀၀ ကျော် ကျူးကျော် နေဟုဆို

 

Your Thoughts …
Tags: Mandalay
မန်းသားလေး

မန်းသားလေး

Contributor

Similar Picks:

မန္တလေးရောက် စစ်ရှောင်တို့ နေရေးစားရေး အခက်ကြုံ

မန္တလေးရောက် စစ်ရှောင်တို့ နေရေးစားရေး အခက်ကြုံ

by ဧရာဝတီ
23 July 2024
1.5k

စစ်ရှောင်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများလည်း ရှားပါးနေသလို အထွေထွေကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် နေ့စဉ့် စားသောက်ရေးအတွက် အခက်အခဲများပါ ရင်ဆိုင်နေရသည့်အပြင် အချို့အိမ်ရှင်များက စစ်ရှောင် ငှားရမ်းနေထိုင်မှုကို လက်မခံကြကြောင်း

မတ္တရာ စစ်ရေးအခြေအနေ ပြင်းထန်နေ (ရုပ်/သံ)

မတ္တရာ စစ်ရေးအခြေအနေ ပြင်းထန်နေ (ရုပ်/သံ)

by ဧရာဝတီ
12 October 2024
1.2k

မန္တလေးတိုင်း၊ မတ္တရာမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တွေအကြား စစ်ရေး အခြေအနေ ပြင်းထန်နေပါတယ်။

မန္တလေး လုံခြုံရေးအခြေအနေ စစ်ခေါင်းဆောင် စိုးရိမ် (ရုပ်/သံ)

မန္တလေး လုံခြုံရေးအခြေအနေ စစ်ခေါင်းဆောင် စိုးရိမ် (ရုပ်/သံ)

by ယဉ်မွန်
28 August 2024
1.1k

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ခံစစ်ပြင်နေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတဲ့ မန္တလေးမြို့ကို ဩဂုတ်လ ၂၅ ရက်နေ့ ၂၆ ရက်နေ့တွေမှာသွားရောက်ခဲ့ပါတယ်။

သမိုင်းဝင် စည်ရှည်တံတား ဘယ်သူဖျက်

သမိုင်းဝင် စည်ရှည်တံတား ဘယ်သူဖျက်

by ဆူးငှက်
28 June 2014
10k

စည်ရှည် တံတားကြီးကို လွန်ခဲ့တဲ့ ၅ နှစ် ၀န်းကျင်က တဦးတယောက် (သို့မဟုတ်) တဖွဲ့တစည်းရဲ့ တချက်လွှတ် အမိန့်နဲ့ နာရီမဆိုင်း အုတ်တစ၊ သဲတမှုန့် မကျန်အောင် ထိုးကော် ဖျက်ဆီးပစ်လိုက် ပါတော့တယ်။

မြို့ပျက်ကြီးလိုဖြစ်သွားပြီ (ရုပ်/သံ)

မြို့ပျက်ကြီးလိုဖြစ်သွားပြီ (ရုပ်/သံ)

by ဧရာဝတီ
1 April 2025
456

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ဟာ အင်အားပြင်း ငလျင်ကြောင့် လူနေအဆောက်အဦတွေ၊ သာသနိက အဆောက်အဦတွေ၊ နံရံတံတိုင်းတွေနဲ့ လမ်းတွေ ဆိုးဆိုးဝါးဝါး ပျက်စီးသွားခဲ့ပြီး ပြိုပျက်နေတဲ့ အဆောက်အဦတွေအောက်မှာ ပိတ်မိနေတဲ့ ရုပ်အလောင်းတွေကိုလည်း မတ်လ ၃၁ ရက်နေ့အထိ ထိရောက်တဲ့ ကယ်ဆယ်ရေးတွေ...

မန္တလေး လပခ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ(ရုပ်/သံ)

မန္တလေး လပခ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ(ရုပ်/သံ)

by ယဉ်မွန်
3 September 2024
435

မန္တလေးတိုင်းအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် (လပခ) ကို ရှော့တိုက်ဒုံး နဲ့ ပစ်ခတ်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) ရဲ့ တာဝန်ရှိသူက ဧရာဝတီကို အတည်ပြုပါတယ်။

Next Post

အလုပ်သမား အသင်းအဖွဲ့များ ပေါ်ပေါက်ရေး လွတ်လပ်စွာ လုပ်ဆောင်နိုင်

Dateline Irrawaddy (ရုပ်/သံ)

Dateline Irrawaddy (ရုပ်/သံ)

Please login to join discussion
No Result
View All Result

Recommended

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

6 days ago
9.2k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

5 days ago
4.8k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate