• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပဲခူးတိုင်း လယ်ဧက ၁ သိန်းကျော် ရေလွှမ်း

by ခင်သြ
23 August 2012
in သတင်း
A A
စိုက်ပျိုးပြီးစပါး ဧက ၃ သောင်းရေနစ်မြုပ်

သြဂုတ်လဆန်းပိုင်းက တွေ့ရသော ပဲခူးတိုင်းအတွင်း ရေနစ်မြုပ်နေသည့် လယ်မြေများ(ဓာတ်ပုံ – မေစစ်ပိုင် / ဧရာဝတီ)

1.6k
VIEWS
Share on FacebookShare on Twitter

ပဲခူးတိုင်းဒေသကြီး၌ သြဂုတ်လအတွင်း မိုးအဆက်မပြတ် ရွာသွန်း၍ ရေကြီးရေလျှံဖြစ်သောကြောင့် လယ်မြေဧက ၁ သိန်းကျော် ရေလွှမ်းမိုးခံရပြီး ဧက ၁၁၀၀၀ ခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“လုံး၀ ပြန်စိုက်လို့မရနိုင်လောက်အောင် ပျက်စီးသွားတာက ဧက ၈၆၀၀ လောက် ရှိနေပါတယ်”ဟု ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်းက ပြောသည်။

RelatedPosts

မြန်မာ့ နှစ် ၆၀ ကျိန်စာစက်ဝန်းကို ချိုးဖျက်ခြင်း

မြန်မာ့ နှစ် ၆၀ ကျိန်စာစက်ဝန်းကို ချိုးဖျက်ခြင်း

19 May 2025
0
ရန်ကုန်မှာ အလုပ်သမားဆန္ဒပြပွဲ ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

ရန်ကုန်မှာ အလုပ်သမားဆန္ဒပြပွဲ ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

19 May 2025
13
အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

19 May 2025
1.1k

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သြဂုတ်လ ၁ ရက်နေ့မှစတင်ပြီး  ပဲခူးတိုင်းအရှေ့ပိုင်း ဒေသများဖြစ်သည့် ပဲခူး၊ သနပ္ပင်၊ က၀ အစရှိသည့် မြို့နယ်များတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးကို ဖြတ်စီးသည့် စစ်တောင်းမြစ်တွင် အိုမီဂါ ပုံသဏ္ဍန်အကွေ့ပေါင်း ၂၃ ကွေ့ရှိနေသည့်အတွက် ပင်လယ်၀ အထိ သဲနှုန်း မသယ်ဆောင်သွားနိုင်ဘဲ မြစ်ကြမ်းပြင် မြင့်တက်လာခြင်းနှင့်အတူ ရေကြီးရေလျှံမှုများ တနှစ်ထက် တနှစ်ပိုမိုဆိုးရွားလာခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောဆိုသည်။

ထို့အပြင် ပဲခူး မြစ်အတွင်းစီးဝင်သည့် ရေများကို ဆည်နှင့် ဆည်မြောင်း များဆောက်လုပ်တားဆီးမှသာ ရေလွှမ်းမိုးမှုကို ကာကွယ်နိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ဝန်ကြီးချုပ် ဦးဉာဏ်က“ပဲခူး ဧရိယာထဲမှာရှိနေတဲ့ ရေတွေ ပင်လယ်ပြင်ထဲကို မြန်မြန်ဆန်ဆန် ထွက်သွားနိုင်ဖို့အတွက်ကို ရေစီးရေ လာကောင်းတဲ့ တူးမြောင်းတွေ လိုတယ်။ ဒိုက်ဦး၊ ညောင်လေးပင် လွင်ပြင်ထဲမှာလည်းပဲ မုက္ခမူ ချောင်းဟာ စစ်တောင်းမြစ်ထဲကို စီးဝင်တဲ့အခါ အိုင်နေပြီးတော့ ရွှေကျင်ချောင်းကနေ စီးဝင်တဲ့ရေနဲ့ပေါင်းပြီး လာအိုင်နေတာရှိတယ်။ ဒီချောင်းတွေကိုလည်း ပြန်ဖော်ပြီးတော့ ပြန်လည် တည်ဆောက်ဖို့ လိုနေတယ်”ဟု ဆက်လက် ပြောဆိုသည်။

ပဲခူးတိုင်းဒေသကြီး၌ ယမန်နှစ်ကလည်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး စပါးပေါ်ချိန်ကာလတွင် လယ်သမားများ စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည် မပေးဆပ်နိုင်သည်အထိ အခက်အခဲများ တွေ့ကြုံခဲ့ရသည်။

ယခုနှစ်က ရေနစ်မြုပ်ခံထားရသော လယ်မြေများတွင် ပြန်လည်စိုက်ပျိုးနိုင်ရန် မျိုးစပါးများ လိုအပ်လျက်ရှိပြီး လယ်မြေများကို
ပြင်ဆင်မှုများ ပြုလုပ်ရန်လည်း လိုအပ်လျက်ရှိကြောင်း လယ်သမားများက ပြောဆိုကြသည်။

“ကျနော်စိုက်ပြီး သုံးရက်သားလောက်မှာပဲ ရေလွှမ်းခံရတာပါ။ ဘယ်လိုမှ ပြန်မရနိုင်ပါဘူး။ ကျနော်တို့မှာ မျိုးစပါးက ၁ နှစ်ဆို ၁ နှစ် စာ အကန့်အသတ်နဲ့ ချန်ရတာပါ။ တခြားသူတွေလည်း ကိုယ့်လိုပဲ ရေမြုပ်ခံထားရတော့ ရွာမှာ သူ့ကို ကိုယ်က မကယ်နိုင်၊ ကိုယ့် ကို သူက မကယ်နိုင် ဖြစ်နေပါတယ်။ မျိုးစပါး အခက်အခဲရှိပါတယ်”ဟု သနပ္ပင်မြို့နယ်မှ လယ်သမား ဦးဉာဏ်စိန်က ပြောပြသည်။

ရေအချိန်မီ မကျပါက စပါးပြန်စိုက်ရန် အခက်အခဲရှိနိုင်ပြီး ပဲစိုက်ရာသီအတွက်ပါ အခက်အခဲရှိနိုင်ကြောင်း ၎င်းက ဆက်ပြော သည်။

“တန်ဆောင်မုန်းလဆန်းမှ ပဲမကျဲနိုင်သေးရင် ကျနော်တို့အတွက် အခြေအနေမကောင်းပါဘူး။ ရေမြန်မြန်ကျပါစေလို့ပဲ ဆုတောင်း ပါတယ်”ဟုလည်း ဦးဉာဏ်စိန်က ဆိုသည်။

မျိုးစပါးအတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းနှင့် အခြားပုဂ္ဂလိကအလှူရှင်များက မျိုးစပါးများ လှူ ဒါန်း ထားပြီး ရေကျသည်နှင့် လယ်သမားများထံ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း တို့တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ် ပေါ်လျက်ရှိပြီး မြန်မာနိုင်ငံတဝန်း လယ်မြေဧက ၅ သိန်း ၃ သောင်း နီးပါး ရေနစ်မြုပ်ခဲ့ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာနမှ သိရသည်။

Your Thoughts …
Tags: Farmers
ခင်သြ

ခင်သြ

Contributor

Similar Picks:

ဗိုလ်ချုပ်စိုးရှိန် သေနတ်ဖြင့် ခြိမ်းခြောက်မှု တောင်သူများကို အမှုဖွင့်ခွင့်မပေး

ဗိုလ်ချုပ်စိုးရှိန် သေနတ်ဖြင့် ခြိမ်းခြောက်မှု တောင်သူများကို အမှုဖွင့်ခွင့်မပေး

by ထက်နိုင်ဇော်
26 July 2013
12.3k

ဗိုလ်ချုပ် စိုးရှိန်ဆိုသူက တပည့် ၄ ဦးဖြင့် ၀င်ရောက်လာပြီး ၎င်း၏ ပစ္စတို သေနတ်ကိုထုတ်၍ ယာမြေထဲမှ မထွက်ပေးပါက ပစ်သတ်မည်ဟု အော်ဟစ် ခြိမ်းခြောက်ခဲ့

လယ်သမားများ၏ ထွန်တုံးတိုက်ပွဲ စပြီ

လယ်သမားများ၏ ထွန်တုံးတိုက်ပွဲ စပြီ

by ဇာနည်မာန်
12 July 2012
4.4k

ကျနော်တို့ပိုင်တဲ့ လယ်တွေ ပြန်ရဖို့ လုပ်တာပါ။ ထွန် ရှဉ်း ၉ ရှဉ်းနဲ့ တပြိုင်တည်း ထွန်နေကြတာပါ။ အရေးယူခံရမှာ မကြောက်ပါဘူး။ မစိုးရိမ်ပါဘူး

မန်းရေနံမြေ, လယ်ယာမြေ, တောင်သူ, စိုက်ပျိုးရေး, MPRL E&P

မန်း ရေနံမြေ တောင်သူများ လယ်ယာမြေ အခက်အခဲကြုံတွေ့နေ

by စနေလင်း
20 November 2013
2k

ကျနော်တို့ လယ်သမားတွေမှာ ဘာအလုပ်မှ လုပ်လို့မရဘူး။ တောင်သူတွေရဲ့ စိုက်ခင်းထဲကို ရေဆိုးတွေ စွန့်ထုတ်လို့ စိုက်လို့လဲ မရ၊ လယ်ယာမြေ လျော်ကြေးကိုလည်း မပေးဘူး။

စိုက်ပျိုးစရိတ် ချေးငွေ, ဧရာဝတီတိုင်း , မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်

စိုက်ပျိုးစရိတ်ချေးငွေ မဆပ်နိုင်သည့် လယ်သမား ၁၅၀၀၀ ကျော်ကို အရေးယူ

by ဆလိုင်းသန့်စင်
6 November 2014
1.9k

စိုက်ပျိုး စရိတ်ချေးငွေ ပြန်လည် ပေးဆပ်နိုင်ခြင်း မရှိသည့် ဧရာဝတီတိုင်း ဒေသကြီးမှ လယ်သမား ၁၅၀၀၀ ကျော်ကို အစိုးရ မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်က တရားလို ပြုလုပ်၍ အမှုဖွင့် အရေးယူမှုများ လုပ်ဆောင်...

ဧရာဝတီတိုင်းအနှံ့ ထွန်တုံးတိုက်ပွဲ ဆင်နွဲှမည်ဟု လယ်သမားသမဂ္ဂပြော

ဧရာဝတီတိုင်းအနှံ့ ထွန်တုံးတိုက်ပွဲ ဆင်နွဲှမည်ဟု လယ်သမားသမဂ္ဂပြော

by ဆလိုင်းသန့်စင်
29 May 2013
2.5k

ပန်းတနော်၊ မော်လမြိုင်ကျွန်း၊ ဖျာပုံ၊ ကန်ကြီးထောင့်၊ သာပေါင်းနှင့် ငပုတောမြို့နယ်ရှိ လယ်သမားများက ထွန်တုံးတိုက်ပွဲဆင်နွှဲ၍ လယ်ယာမြေများ ပြန်လည်ရယူရန် ပြင်ဆင်နေကြောင်း သိရသည်။

ဗဟိုဘဏ်, မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ်, ဧရာဝတီတိုင်း, စိုက်ပျိုးစရိတ်ချေးငွေ

စိုက်ပျိုးစရိတ် ချေးငွေ ပြန်မဆပ်သည့် လယ်သမားများကို အစိုးရ တရားစွဲမည်

by ဆလိုင်းသန့်စင်
25 September 2014
1.9k

အစိုးရက ထုတ်ပေး ထားသည့် စိုက်ပျိုးစရိတ် ချေးငွေများအား စက်တင်ဘာ လကုန် အထိ ပေးဆပ်ခြင်း မရှိသည့် လယ်သမားများကို တရားစွဲဆို သွားမည်ဟု ဧရာဝတီတိုင်း ဒေသကြီး မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်က ပြောသည်။

Next Post
The Voice Weekly စွဲချက်တင်မှု ဆုံးဖြတ်ရန် ရက်ရွှေ့

The Voice Weekly စွဲချက်တင်မှု ဆုံးဖြတ်ရန် ရက်ရွှေ့

မြန်မာ့ဆက်သွယ်ရေး ပုံစံပြောင်းမည်

မြန်မာ့ဆက်သွယ်ရေး ပုံစံပြောင်းမည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate