သတင်းတို

ကချင်ဒုက္ခသည်များ ဖိအားပေး ပြန်လွှတ်နေမှု ရပ်တန့်ရန် HRW တိုက်တွန်း

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

တရုတ်နိုင်ငံ ယူနန် ပြည်နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင် ရောက်ရှိနေသော ကချင်တိုင်းရင်းသား ဒုက္ခသည်များကို ဖိအားပေး ပြန်လွှတ်နေခြင်းအား ရပ်တန့်ရန် အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့(HRW)က တရုတ်အစိုးရ ကို ယနေ့ တိုက်တွန်းလိုက်သည်။ ပြီးခဲ့သည့်အပတ်က အနည်းဆုံး ဒုက္ခသည် ၁၀၀၀ ခန့်ကို ဖိအားပေး ပြန်လွှတ်ခဲ့ကြောင်း၊ မကြာ ခင် ဒုက္ခသည် ၄၀၀၀ ကျော်ကို ပြန်လွှတ်ရန်လည်း စီစဉ်နေကြောင်း၊ ယင်း ဒုက္ခသည်များသည် မြန်မာနိုင်ငံမြောက်ပိုင်း တိုက်ပွဲများ ဖြစ်ပွားရာ ကချင်ဒေသမှ ထွက်ပြေးလာကြသူများဖြစ်ပြီး အကူအညီ အကာအကွယ်များပေးရန် လိုအပ်နေကြောင်း HRW က ပြော ဆိုသည် ဟု AP သတင်းတွင် ဖော်ပြထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading