သတင်းတို

SSA-S တပ်ဖွဲ့ဝင်များကို UWSA ဖမ်းဆီးထား

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ် အတွင်း လှုပ်ရှားနေသည့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA-S) တပ်ဖွဲ့ဝင် ၁၄ ဦးကို နယ်မြေ ကျူးကျော်မှုဖြင့် နယ်မြေခံ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA) တပ်က ဖမ်းဆီးထားသည်။ အရာရှိ ၂ ဦး ပါဝင်သော အဆိုပါ SSA-S တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့မှ စတင်၍ ဖမ်းဆီးထိန်းခံနေရပြီး ယနေ့အထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း SSA-S က ပြောသည်။ ဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေး အတွက်  တာဝန် ရှိသူများ ညှိနှိုင်း ဆောင်ရွက်နေကြောင်းလည်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading