ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့နှင့် မဲဆောက်မြို့သို့ ကူးသန်းဆက်သွယ်ရန်အတွက် ဒုတိယမြောက် ချစ်ကြည်ရေး တံတားတစင်း ကို မကြာမီတည်ဆောက်ရန် စီစဉ်နေကြောင်း သိရသည်။ ယင်းတံတားသစ်သည် တန် ၆၀ အထိရှိသော အကြီးစားယာဉ်များ ဖြတ် သန်း သွားလာနိုင်သည်အထိ ခံနိုင်ဝန်ရှိမည်ဖြစ်ကြောင်း၊ ယခင်ရှိနှင့်သည့် ပထမ တံတားဟောင်းသည် အသေးစားနှင့်အလတ်စား ယာဉ်များသာ သွားလာနိုင်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဝန်ကြီးဌာနကို ကိုးကား၍ The Nation သတင်းစာက ရေးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။