ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော် သမ္မတ ရုံးမှပေးပို့သည့် သဝဏ်လွှာနှင့် အတုူပူးတွဲပါရှိသည့် သုံးသပ်ချက်များသည် သမ္မတ၏ သဘောထား မဟုတ်ကြောင်း နိုင်ငံတော် သမ္မ တရုံး က ယနေ့ ထုတ်ပြန်သည်။ သမ္မတရုံး သုံးသပ်ချက်၌ ရခိုင်ပဋိပက္ခသည် ရခိုင်နိုင်ငံရေးပါတီများ၊ သံဃာတော်များ၊ လူပုဂ္ဂိုလ်များနှင့် ရခိုင်ပြည်သူ တရပ်လုံး အပေါ် ပြင်းထန်သည့် စကားလုံး အသုံး အနှှုန်းများဖြင့် ပုတ်ခတ်စွပ်စွဲထားသည့် အတွက် လွှတ်တော် ကိုယ်စားလှယ်များ က ကန့်ကွက်သည့် အပြင် လူအများအပြား၏ ဝေဖန်ကန့်ကွက်မှု များ ထွက်ပေါ်ပြီးနောက် သမ္မတ ရုံး၏ ကြေညာချက် ထွက်ပေါ် လာခြင်း ဖြစ်သည်။ သဝဏ်လွှာပါ သုံးသပ်ချက်သည် သမ္မတ ၏ သဘောထား မဟုတ်ဟု ထုတ်ပြန်သော်လည်း မည်သည့် ဌာန၊ မည်သည့် အဖွဲ့ အစည်း၏ သဘောထား သုံးသပ်ချက်ဆိုသည်ကို ဖော်ပြထားခြင်း မရှိပေ။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။