ထိုင်း-မြန်မာ နယ်စပ် ပူးတွဲကော်မတီ အစည်းအဝေးကို လာမည့် အောက်တိုဘာလအတွင်း မြန်မာနိုင်ငံ ပုဂံမြို့တွင် ကျင်းပရန် ရှိ သည်။ ၇ နှစ်ကြာ မကျင်းပဖြစ်သော ယင်းအစည်းအဝေးကို ပြန်လည်ကျင်းပရန် မြန်မာ အစိုးရဘက်က သဘောတူ၍ ဖြစ်ကြောင်း၊ ကျင်းပမည့် နေ့ရက်ကိုမူ အတိအကျ မသတ်မှတ်ရသေးကြောင်း စနေ၊ တနင်္ဂနွေက ထိုင်းနိုင်ငံ ချင်းရိုင်မြို့တွင် ပြုလုပ်သော ထိုင်း-မြန်မာ-လာအို နယ်စပ် ဆက်ဆံရေး ဆိုင်ရာ ဆွေးနွေးပွဲ၌ ထိုင်း-မြန်မာ နယ်စပ် ကော်မတီ အကြီးအကဲ တဦးဖြစ်သည့် Vasin Teeravechyan က ပြောဆိုသည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ရေးထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။