• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မန္တလေးတွင် ကြေးဆင်းတု လုပ်ငန်းရှင် တဦး အသတ်ခံရ

by မန်းသားလေး
27 August 2012
in သတင်း
A A
မန္တလေးတွင် ကြေးဆင်းတု လုပ်ငန်းရှင် တဦး အသတ်ခံရ

ချမ်းမြသာစည် မြို့နယ် တမ္ပပဝတီရပ် ခတ္တန်းရပ်ကွက်ရှိ အခင်းဖြစ်ပွားရာ သေဆုံးသူ ဦးတင်မောင်မြင့်၏ နေအိမ် (ဓာတ်ပုံ - မန်းသားလေး / ဧရာဝတီ)

9.5k
VIEWS
Share on FacebookShare on Twitter

မန္တလေးမြို့  ချမ်းမြသာစည် မြို့နယ် တမ္ပပဝတီရပ် ခတ္တန်းရပ်ကွက်၌ ကြေးဆင်းတုတော် လုပ်ငန်း လုပ်ကိုင်နေသည့် ဦးတင်မောင်မြင့် ဆိုသူကို ဓားဖြင့် ထိုးသတ်ခဲ့သည့် လူသတ်မှုတခု လွန်ခဲ့သည့်ရက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သတင်းရသည်။

လူသတ်မှု ကျူးလွန်သူကို နာရီပိုင်းအတွင်း ဖမ်းမိပြီး ဝန်ခံခဲ့သော်လည်း သတ်ရသည့် အကြောင်းရင်းကို ဖော်ထုတ် မရသေး၍ စစ်ချက် ယူနေဆဲဖြစ်ကြောင်း ချမ်းမြသာစည် အမှတ် ၁၀ ရဲစခန်း တာဝန်ရှိသူများက ပြောသည်။

RelatedPosts

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

19 May 2025
34
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

19 May 2025
160
တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

18 May 2025
614

ပြစ်မှု ကျူးလွန်သူမှာ ငတိ(ခေါ်)ကျော်မင်းဦး ဖြစ်ပြီး အသက် ၂၂ နှစ် အရွယ်ရှိကြောင်း၊ ၎င်းမှာ ကွမ်း၊ ဆေးလိပ်၊ အရက် သောက် သုံး ခြင်း ကင်း၍ အများနှင့်လည်း ဆက်ဆံရေးပြေပြစ်သော လူငယ်တဦး ဖြစ်ကြောင်း သိရသည်။

သြဂုတ်လ ၂၃ ရက် ည ၁၀ နာရီခွဲခန့်က ကျော်မင်းဦးသည် အိမ်တွင်းသို့ ဝင်ရောက်ပုန်းအောင်းနေပြီး ဦးတင်မောင်မြင့်နှင့် ဇနီး အခန်းအတွင်းမှ ထွက်လာစဉ် လှေကားအကွယ်မှ အသင့်ပါ ဓားနှင့်ထိုး၍ ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း၊ ဦးတင်မောင်မြင့်သည် ရင်ဘတ် ဒဏ်ရာ၊ ဝဲဘက်နံဘေး ဒဏ်ရာ တို့ဖြင့် သေဆုံးသွားပြီး ဇနီးဖြစ်သူ မဌေးဌေးဝင်းမှာလည်း နောက်ကျော နှင့် ဝဲဘက် လက်မောင်း စသည်တို့တွင် ဓားဒဏ်ရာများရရှိခဲ့၍ ဆေးကုသမှုခံယူနေကြောင်း ရဲ စခန်း တာဝန်ရှိသူများက ပြောဆိုသည်။

မဌေးဌေးဝင်းကလည်း နေအိမ်တွင်း ဓားနှင့် ဝင်ရောက်ထိုးသူမှာ ငွေစင်ရပ်တွင် နေထိုင်သော ကြေး အရောင်တင်သည့် ကျော်မင်းဦး ဖြစ်ကြောင်း ရဲ စစ်ချက်တွင် ထွက်ဆိုထားသည်။

အခင်းဖြစ်ပွားသည့် ညတွင်းချင်း နေအိမ်တွင်ပင် ကျော်မင်းဦးသည် အေးဆေးစွာ အဖမ်းခံခဲ့ကြောင်း သိရသည်။

ဦးတင်မောင်မြင့် အိမ်ရှိ တန်ဖိုးကြီးပစ္စည်းများမှာ ယခုချိန်အထိ ပျောက်ရှမှုမရှိသောကြောင့် ပစ္စည်းလိုချင်၍သတ်ခြင်း မဖြစ်နိုင်ကြောင်း ရဲ က ယူဆနေပြီး မည်သည့်အတွက် သတ်သည်ကို စုံစမ်းစစ်ဆေးနေသည်ဟု ဆိုသည်။

ယင်းအမှုကို ချမ်းမြသာစည် အမှတ် ၁၀ ရဲစခန်းမှ ပုဒ်မ (၃၀၂) ဖြင့် အမှုဖွင့် အရေးယူ ထားသည်။

ကျော်မင်းဦးသည် သေဆုံးသူ အသက် ၅၅ နှစ်ရှိ ဦးတင်မောင်မြင့်နှင့် ဆရာတပည့်ဖြစ်ပြီး ဦးတင်မောင်မြင့်ထံမှ ကြေးအကြမ်းထည် ပန်းပု ပစ္စည်းများ ယူဆောင်၍ ကြေးအရောင်တင်သည့် လုပ်ငန်း လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။

ဦးတင်မောင်မြင့် အိမ်သို့ ကျော်မင်းဦးသည် အမြဲ ဝင်ထွက်သွားလာနေသူ ဖြစ်ပြီး တခါတရံ ကတောက်ကဆ စကားများခြင်းများ လည်း ရှိကြောင်း အနီးဝန်းကျင်ရှိ နေထိုင်သူများက ပြောဆိုကြသည်။

Your Thoughts …
Tags: Mandalay
မန်းသားလေး

မန်းသားလေး

Contributor

Similar Picks:

မန္တလေးရောက် စစ်ရှောင်တို့ နေရေးစားရေး အခက်ကြုံ

မန္တလေးရောက် စစ်ရှောင်တို့ နေရေးစားရေး အခက်ကြုံ

by ဧရာဝတီ
23 July 2024
1.5k

စစ်ရှောင်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများလည်း ရှားပါးနေသလို အထွေထွေကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် နေ့စဉ့် စားသောက်ရေးအတွက် အခက်အခဲများပါ ရင်ဆိုင်နေရသည့်အပြင် အချို့အိမ်ရှင်များက စစ်ရှောင် ငှားရမ်းနေထိုင်မှုကို လက်မခံကြကြောင်း

မတ္တရာ စစ်ရေးအခြေအနေ ပြင်းထန်နေ (ရုပ်/သံ)

မတ္တရာ စစ်ရေးအခြေအနေ ပြင်းထန်နေ (ရုပ်/သံ)

by ဧရာဝတီ
12 October 2024
1.2k

မန္တလေးတိုင်း၊ မတ္တရာမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တွေအကြား စစ်ရေး အခြေအနေ ပြင်းထန်နေပါတယ်။

မန္တလေး လုံခြုံရေးအခြေအနေ စစ်ခေါင်းဆောင် စိုးရိမ် (ရုပ်/သံ)

မန္တလေး လုံခြုံရေးအခြေအနေ စစ်ခေါင်းဆောင် စိုးရိမ် (ရုပ်/သံ)

by ယဉ်မွန်
28 August 2024
1.1k

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ခံစစ်ပြင်နေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတဲ့ မန္တလေးမြို့ကို ဩဂုတ်လ ၂၅ ရက်နေ့ ၂၆ ရက်နေ့တွေမှာသွားရောက်ခဲ့ပါတယ်။

သမိုင်းဝင် စည်ရှည်တံတား ဘယ်သူဖျက်

သမိုင်းဝင် စည်ရှည်တံတား ဘယ်သူဖျက်

by ဆူးငှက်
28 June 2014
10k

စည်ရှည် တံတားကြီးကို လွန်ခဲ့တဲ့ ၅ နှစ် ၀န်းကျင်က တဦးတယောက် (သို့မဟုတ်) တဖွဲ့တစည်းရဲ့ တချက်လွှတ် အမိန့်နဲ့ နာရီမဆိုင်း အုတ်တစ၊ သဲတမှုန့် မကျန်အောင် ထိုးကော် ဖျက်ဆီးပစ်လိုက် ပါတော့တယ်။

မြို့ပျက်ကြီးလိုဖြစ်သွားပြီ (ရုပ်/သံ)

မြို့ပျက်ကြီးလိုဖြစ်သွားပြီ (ရုပ်/သံ)

by ဧရာဝတီ
1 April 2025
442

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ဟာ အင်အားပြင်း ငလျင်ကြောင့် လူနေအဆောက်အဦတွေ၊ သာသနိက အဆောက်အဦတွေ၊ နံရံတံတိုင်းတွေနဲ့ လမ်းတွေ ဆိုးဆိုးဝါးဝါး ပျက်စီးသွားခဲ့ပြီး ပြိုပျက်နေတဲ့ အဆောက်အဦတွေအောက်မှာ ပိတ်မိနေတဲ့ ရုပ်အလောင်းတွေကိုလည်း မတ်လ ၃၁ ရက်နေ့အထိ ထိရောက်တဲ့ ကယ်ဆယ်ရေးတွေ...

မန္တလေး လပခ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ(ရုပ်/သံ)

မန္တလေး လပခ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ(ရုပ်/သံ)

by ယဉ်မွန်
3 September 2024
435

မန္တလေးတိုင်းအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် (လပခ) ကို ရှော့တိုက်ဒုံး နဲ့ ပစ်ခတ်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) ရဲ့ တာဝန်ရှိသူက ဧရာဝတီကို အတည်ပြုပါတယ်။

Next Post
ပရီးမီယားလိဂ် ဘောလုံးပွဲပြိုင်ပွဲ ဒုတိယပတ် ပွဲစဉ်များ သုံးသပ်ချက်

ပရီးမီယားလိဂ် ဘောလုံးပွဲပြိုင်ပွဲ ဒုတိယပတ် ပွဲစဉ်များ သုံးသပ်ချက်

မြန်မာ ဘတ်စ်ကက်ဘော တိုးတက်ရေး အမေရိကန် ကူမည်

မြန်မာ ဘတ်စ်ကက်ဘော တိုးတက်ရေး အမေရိကန် ကူမည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

7 days ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate