သတင်းတို

၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူရေး ဦးသိန်းစိန်နှင့် ကုလသမဂ္ဂ ဆွေးနွေး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့မှ Dr.Babatunde Osotimehin နှင့် သမ္မတ ဦးသိန်းစိန် တို့ ယမန်နေ့က နေပြည်တော်၌ တွေ့ဆုံကြောင်း သိရသည်။ တွေ့ဆုံရာတွင် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့(UNFPA) မြန်မာနိုင်ငံ ဌာနေ ကိုယ်စားလှယ် Mr.Mohamed Abdel-Ahad လည်း ပါဝင်တွေ့ဆုံ၍ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ သန်း ခေါင်စာရင်း ကောက်ယူရေးတွင် UNFPA နှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာများ၊ သားဆက်ခြားနှင့် အမျိုးသမီးထု ကျန်းမာရေး ဆိုင်ရာများ၊ မျိုးဆက်ပွားနှင့် သားဆက်ခြား ပညာပေး လုပ်ငန်းဆိုင်ရာများ စသည်တို့ကို ဆွေးနွေးကြောင်း အစိုးရ သတင်းစာများတွင် ပါရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading