သတင်းတို

နာမည်ပျက်စာရင်း သတ်မှတ်ထားသူ ၂၀၀၀ ကျော် ပယ်ဖျက်ပေး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပြည်ပတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော သတင်းမီဒီယာ သမားများ အပါအဝင် နာမည်ပျက်စာရင်း(Black List) သတ်မှတ်ထားသူ မြန်မာနိုင်ငံသား ၆၁၆၅ ဦးမှ ၂၀၈၂ ဦး ကို စာရင်းမှ ပယ်ဖျက်ပေးလိုက်ကြောင်း အစိုးရ သတင်းစာများတွင် ဖော် ပြထားသည်။ ယခု စာရင်းမှ ပယ်ဖျက်ပေးထားသူများ မြန်မာနိုင်ငံ ပြန်လာနိုင်ရေး အတွက်လည်း ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ယင်းသို့ နာမည်ပျက်စာရင်း သတ်မှတ် ရခြင်း ဖြစ်ကြောင်း၊ ပြောင်းလဲ လာသော ခေတ်စနစ်နှင့် အညီ ဖြေလျှော့ပေးမှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်းလည်း သတင်းစာကဆို သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading