အစိုးရ ဝန်ကြီးများ အပြောင်းအလဲ အမည်စာရင်းကို သမ္မတ ဦးသိန်းစိန်က သြဂုတ်လ၂၇ ရက်စွဲဖြင့် လက်မှတ်ထိုး ထုတ်ပြန် လိုက် သည်။ ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးလှထွန်း၊ ဦးတင်နိုင်သိန်း စသည့် ၄ ဦးကို သမ္မတရုံး ဝန်ကြီးများ၊ ယခင် ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းကို သမဝါယမ ဝန်ကြီးအဖြစ်အပါအဝင် ပြောင်းလဲခန့်အပ်လိုက်သည့် ပြည်ထောင်စုဝန်ကြီး ၉ ဦး၏ အမည်စာရင်းများ၊ ဦးသောင်းတင်၊ ဦးသန်းဆွေ၊ ဦးဆက်အောင်၊ ဒေါ်ခင်စန်းရီ၊ ဒေါ်စုစုလှိုင် စသည့် အရပ်ဘက် ပုဂ္ဂိုလ်များ အပါအဝင် ဒု ဝန်ကြီး ၁၅ ဦး ခန့်အပ်သည့် စာရင်းများကို ထုတ်ပြန်ခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။