အစိုးရက နာမည်ပျက်စာရင်း သွင်းထားသည့် ပြည်ပသို့ရောက်ရှိနေသော မြန်မာနိုင်ငံသား ၆၁၆၅ ဦး အမည်စာရင်းမှ ပယ်ဖျက်ပေး လိုက်သော ၂၀၂၈ ဦး ၏ အမည်စာရင်းများကို ထုတ်ပြန်ကြေညာ၍ သမ္မတ ရုံး ဝက်ဘ်ဆိုက်တွင် ဖော်ပြမည် ဖြစ်ကြောင်း သိရ သည်။ ပြည်ပရှိ မြန်မာနိုင်ငံ သံရုံးများအနေဖြင့်လည်း ပြည်ဝင်ခွင့် လျှောက်ထားလာသည့် နိုင်ငံခြားသားများ၊ ပြည်တော်ပြန်လို သည့် မြန်မာပြည်သားများအား စိစစ်ရာတွင် ယခင်ကကဲ့သို့ နေပြည်တော်သို့ ပြန်လည်တင်ပြနေစရာ မလိုတော့ဘဲ သမ္မတ ရုံး ဝက်ဘဘ်ဆိုက်ပါ အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေး၍ အလျင်အမြန် ခွင့်ပြုဆောင်ရွက်ပေးနိုင်တော့မည် ဖြစ်ကြောင်း Eleven Media Group အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ ယင်း ၂၀၂၈ ဦးကို နာမည်ပျက် စာရင်းမှ ပယ်ဖျက်ပေး မည် ဖြစ်ကြောင်း ယမန်နေ့က အစိုးရ သတင်းစာများတွင် ရေးသားထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။