သမ္မတ ဦးသိန်းစိန်က အစိုးရအဖွဲ့အတွင်း အပြောင်းအလဲ စာရင်းကို ယမန်နေ့က ထပ်မံ ထုတ်ပြန်လိုက်သည်။ ပြည်ထောင်စု ဝန်ကြီး များဖြစ်သော အမှတ် ၁ လျှပ်စစ် ဝန်ကြီး ဦးဇော်မင်း၊ ဆောက်လုပ်ရေး ဝန်ကြီး ဦးခင်မောင်မြင့် တို့ကို နုတ်ထွက်ခွင့်ပြုကြောင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးလွန်းမောင်ကိုလည်း ရာထူးမှ နုတ်ထွက်ခွင့်ပြုကြောင်း၊ ပြန်ကြားရေး ဒု ဝန်ကြီး ဦးစိုးဝင်းကို သာ သနာရေး ဒု ဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်လိုက်ကြောင်း သြဂုတ်လ ၂၈ ရက်စွဲဖြင့် ဦးသိန်းစိန်က လက်မှတ်ထိုး ထုတ်ပြန်ခြင်း ဖြစ် သည်။ သြဂုတ် ၂၇ ရက်ကလည်း ပြည်ထောင်စု ဝန်ကြီး ၉ ဦး နှင့် ဒု ဝန်ကြီး ၁၅ ဦး အပြောင်းအလဲ စာရင်းထုတ်ပြန်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။