အငြင်းပွားမှု ဖြစ်ပွားနေသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး နှင့်ပတ်သက်ပြီး စွပ်စွဲပြစ်တင်သည့် အဆိုအား အမျိုးသား လွှတ်တော် က ယမန်နေ့က အတည်ပြုပေးလိုက်သည်။ လွှတ်တော်များ၌ ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်များသည် ပြည်ထောင်စု အဆင့် မဟုတ်ဟု ဆုံးဖြတ်ထားခြင်းနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်ဖေ တင် သွင်းသည့်“ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းချက်များကို ဖောက် ဖျက်ကျူးလွန်ခြင်း၊ ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပြွန်စွာ မထမ်းဆောင်ခြင်းတို့အရ စွပ်စွဲ ပြစ်တင်ကြောင်း”အဆိုကို စစ်တပ်ကိုယ်စားလှယ် မဟုတ်သူ ၁၆၃ ဦး၏ ထောက်ခံမှု ဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ သြ ဂုတ် ၂၇ ရက်ကလည်း ပျော်ဘွယ်မဲ ဆန္ဒနယ်မှ ဦးမြင့်စိုး ၏ အခြေခံ ဥပဒေ ဆိုင်ရာခုံရုံး အဖွဲ့သည် မှားယွင်းစွာ ဆောင်ရွက် မိကြောင်း ကြေညာချက် ထုတ်ပြန်ပေးရန် တင်သွင်းသည့် အဆိုကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။