ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေး၊ ပြန်လည် နေရာချထားရေးများ အတွက် အိန္ဒိယက အမေရိကန် ဒေါ်လာ ၂ သိန်း လှူဒါန်း ကြောင်း သိရသည်။ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H.E. Dr. V.S. Seshadri က အိန္ဒိယ သမ္မတ နိုင်ငံကိုယ်စား ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင် ထံသို့ ပေးအပ်လှူဒါန်းခြင်း ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ပါရှိသည်။ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာ ရှောင်တိမ်းရသူ ဒုက္ခသည် ၅၀၀၀ ကျော်ရှိကြောင်း အစိုးရက ပြောဆို ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။