ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်း ကျားထိန်းသိမ်းရေး ဒေသမှ ယုဇန ကုမ္ပဏီက သိမ်းယူထားသော မြေဧက ၂ သိန်းကျော်မှ ဧက ၅၀၀၀ ကို ပြန်ပေးမည် ဖြစ်ကြောင်း ဘီဘီစီ သတင်း၌ ပါရှိသည်။ ယမန်နေ့က ရန်ကုန်မြို့တွင် ယုဇန ကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့် နှင့် အသိမ်းခံ မြေများ ပြန်ရရေးအတွက် ဆန္ဒပြရန်ရောက်ရှိနေသည့် ဒေသခံများ တွေ့ဆုံညှိနှိုင်းရာမှ ထိုသို့ ပြန်ပေးရန် အစီ အစဉ် ဖြစ်ပေါ်လာကြောင်း သိရသည်။ ယင်းမြေများကို ယုဇန ကုမ္ပဏီက ၂၀၀၆ ခုနှစ်တွင် သိမ်းယူခဲ့ပြီး ပီလောပီနံစိုက်ပျိုးခြင်းများ၊ ရွှေတူးဖော်ခြင်းများ လုပ်ကိုင်လျက်ရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။