စစ်အစိုးရလက်ထက် ပြည်ပနိုင်ငံများတွင် နိုင်ငံရေး ခိုလှုံခွင့် တောင်းခံခဲ့သူများကို နိုင်ငံတော် သစ္စာ ဖောက်မှုဖြင့် နာမည်ပျက် စာရင်း သွင်းထားမူကနေ လတ်တလောတွင် ပယ်ဖျက်ပေးမည် မဟုတ်ကြောင်း သိရသည်။ သြဂုတ်၂၈ ရက်က ပြည်ပရောက် မြန်မာ နိုင်ငံသား ၆၁၆၅ ဦးမှ ၂၀၈၂ ဦးကို နာမည်ပျက်စာရင်းမှ ပယ်ဖျက်ကြောင်း ကြေညာခဲ့ပြီး ယမန်နေ့က သမ္မတရုံး ဝက်ဘ် ဆိုက်တွင် ပယ်ဖျက်သူများ စာရင်းကို ထုတ်ပြန်ထားသည်။ ထိုသို့ ပယ်ဖျက်ပေးထားသူများ အနေနှင့် မြန်မာနိုင်ငံကိုလာရောက် ရန်အတွက် သံရုံး အသီးသီးက ဗီဇာထုတ်မပေးလျှင် အစိုးရကို တိုင်ကြား နိုင်ကြောင်း၊ မြန်မာနိုင်ငံသို့ လာရောက်စဉ် အထူး သီး သန့် ချမှတ်ထားသော စည်းကမ်းချက်များ မရှိကြောင်း၊ မြန်မာနိုင်ငံ၌ ကြာရှည်နေထိုင်လိုသည့် မြန်မာနိုင်ငံဖွား ပြည်ပနိုင်ငံသားများ အတွက် အမြဲတမ်းနေထိုင်ခွင့်(Permanent Residence) ထုတ်ပေးရန်လည်း တာဝန်ရှိသူများက စဉ်း စားနေကြောင်း သမ္မတ ရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက RFA သို့ ပြောဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။