မန္တလေးတိုင်း ရမည်းသည်းမြို့နယ် မိုးထိမိုးမိ တောင်ပေါ် ရွှေတူးဖော်ရေး ဒေသ၌ မှီခို လုပ်ကိုင်သူများ အတွက် Mine Town ဇုန် တည်ဆောက်နေသည်။ ၁၂၂ ဧက ကျယ်ဝန်းသော ယင်း ဇုန်တွင် ရဲ စခန်း ၊ စာသင်ကျောင်း၊ ဆေးခန်း၊ ဈေးတန်းနှင့် အိမ်ရာများကို အမျိုးသား ကြီးပွားတိုးတက်ရေး အုပ်စု ကုမ္ပဏီ လီမိတက် က စနစ်တကျ တည်ဆောက်နေပြီး လာမည့် ဒီဇင်ဘာ ၁ ရက်တွင် ရွှေ့ပြောင်း နေထိုင်နိုင်မည် ဖြစ်ကြောင်း အစိုးရ မြန်မာ့ အလင်း သတင်းစာက ဖော်ပြသည်။ မိုးထိမိုးမိ တောင်ပေါ် တွင် လူ ၉၀၀၀ ခန့် နေထိုင် လျက်ရှိသည်။ မိုးထိမိုးမိ ဒေသ ရွှေတူးဖော်ရေး လုပ်နေသော အမျိုးသား ကြီးပွားတိုးတက်ရေး အုပ်စု ကုမ္ပဏီကို ဇွန် လဆန်း ပိုင်းက ရွှေလုပ်သား သောင်းချီ၍ ဆန္ဒပြမှု ဖြစ်ပွားခဲ့သေးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။